အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

ဆရာတော်ကြီး ပေါလ်ဂရောင်း

အာရှကက်သလစ်သတင်းဌာန (UCA News) မှ ၂၀ဝ၇-ခုနှစ်၊ ဧပြီလ(၁၉)ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့ပြီး ၂၀ဝ၇-ခုနှစ်၊ ဩဂုတ်လ မျိုးကြဲသူစာစောင်တွင် ဖော်ပြခဲ့သော အင်တာဗျူးကို ဆရာတော်ကြီး ပေါလ်ဂရောင်အား ဂုဏ်ပြုသောအားဖြင့် ပြန်လည်ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။


မန္တလေးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်ဇိန်ထုန်းဂရောင်ကို မြန်မာနိုင်ငံ၏ အရှေ့ မြောက်ပိုင်း၌ရှိသော ဗန်းမော်မြို့နှင့် ကီလိုမီတာ(၃၀)ခန့်ဝေးသော လွန်ခတ်ရွာတွင် ၁၉၃၉-ခုနှစ်က မွေးဖွားခဲ့သည်။ ဆရာတော်ကြီးသည် ၁၉၆၅-ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကက်သလစ်ဘုန်းတော်ကြီး သိက္ခာကိုခံယူခဲ့ပြီး ၁၉၇၆-ခုနှစ်တွင် မြစ်ကြီးနားကက်သလစ် သာသနာ၏ ဂိုဏ်းအုပ်ဆရာတော်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ထို့နောက်မှ ၂၀ဝ၃-ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့တွင် မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ ဆရာတော်ကြီးအဖြစ် ပလ္လင်အပ်နှင်းခြင်းခံခဲ့ရလေသည်။
မေး။ ။ကက်သလစ်ဘာသာသူတွေအနေနဲ့ဒေသခံကက်သလစ် အသင်းတော်ရဲ့ ဘယ်လိုကဏ္ဍတွေမှာ ပါဝင်နေကြပါသလဲ။
ဖြေ။ ။ဘာသာသူတွေဘက်က ဘုရားသခင်ရဲ့သွန်သင်ချက် တွေကိုသင်ကြားပေးတာတို့၊ သာသနာ့အသုံးစာရိတ်အတွက် လို အပ်တဲ့ ရန်ပုံငွေရရှိဖို့နဲ့ ရဟန်းဖြစ်သင်ကျောင်းသားများ အတွက် သင့်လျော်တဲ့ သင်ကြားရေးနဲ့ ထောက်ပံ့မှုရရှိဖို့ စတဲ့ကဏ္ဍတွေမှာ ကောင်းမွန်တဲ့ အကြံဉာဏ်၊ အဆိုပြုချက်တွေ တင်ပြလာကြတာဟာ အားတက်စရာပါပဲ။ ဒါဟာ ကြီးမားတဲ့ တိုးတက်မှုလို့ ဆိုရပါမယ်။ ကက်သလစ်ဘာသာသူတွေအနေနဲ့ အခုလက်ရှိပကတိ အခြေအနေတွေကို သိလိုတဲ့၊ လေ့လာသုံးသပ်လိုတဲ့ ဆန္ဒရှိကြ ပါတယ်။ နောက်ပြီး ထိရောက်တဲ့ နည်းလမ်းတွေနဲ့ တုံ့ပြန်နိုင်ဖို့ရာလည်း အတူတကွဆွေးနွေးအကြံပြုကြပါတယ်။

မေး။ ။ မန္တလေးလိုမြို့ကြီးမှာ ကက်သလစ်တစ်ဦးဖြစ်ရတာ ဘာနဲ့တူပါသလဲ။
ဖြေ။ ။ ကက်သလစ်တွေမှာ ထူးခြားတဲ့ ယုံကြည်ချက်နဲ့ ကျင့် စဉ်တွေရှိတယ်လို့ ဗုဒ္ဓဘာသာနဲ့အခြားခရစ်ယာန် (ဓမ္မမိတ်ဆွေ) တွေက မြင်ကြမှာပါပဲ။ ဒါဟာ ကက်သလစ်တွေအကြောင်းကို သူ တို့ကောင်းကောင်းမသိလို့ပါ။ တစ်နည်းအားဖြင့်လည်း ဒါဟာ ကျွနု်ပ် တို့ကို သူတစ်ပါးပိုပြီးသိလာမြင်လာအောင် လမ်းဖွင့်ပေးရမယ်ဆိုတဲ့ စိန်ခေါ်မှုကြီးပါပဲ။ ဆိုလိုတာက လူမှုရေး၊ စီးပွားရေး လွန်ဆွဲမှုတွေ ကြားမှာ စာရိတ္တခိုင်ခိုင်မာမာထားပြီး ကိုယ့်ရဲ့ယုံကြည်ခြင်းကို ရိုးရိုး သားသားနဲ့ မှန်မှန်ကန်ကန်ရှင်သန်နေထိုင်ဖို့ပါပဲ။ အဲဒီအတွက် အသင်းတော်ဘက်က အများကြီးကူညီထောက်ပံ့ပေးဖို့ လိုအပ် နေတယ်ဆိုတာ ထင်ရှားပါတယ်။

မေး။ ။ အခြားသောဓမ္မမိတ်ဆွေတွေနဲ့ အပြန်အလှန်ဆက်ဆံရေးကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အပြန်အလှန်ဆက်ဆံမှုရှိကြပါတယ်။ ဥပမာ-မီးလောင် တာ၊ ရေကြီးတာ စတဲ့အရေးပေါ်ကိစ္စတွေမှာ လူတွေအချင်းချင်း ဝိုင်းပြီး ကူညီပေးကြပါတယ်။ ဘာသာတစ်ခုနဲ့တစ်ခု ယုံကြည်ရာနဲ့ ကျင့်ကြံပုံတွေကို ပွင့်ပွင့်လင်းလင်းမျှဝေကြဖို့လည်း ဆန္ဒရှိကြပါ တယ်။

မေး။ ။ ကိုယ်တော်ရဲ့သာသနာပြုလုပ်ငန်းအကြောင်းကိုလည်း သိပါရစေ။
ဖြေ။ ။ ''အစေခံမှုနဲ့ သာသနာပြုခြင်း"(Mission of Service) လို့ ဖော်ပြချင်ပါတယ်။ စည်းရုံးလှုံ့ဆော်ဖို့၊ ကူညီအားပေးဖို့နဲ့ ကက်သလစ်ဂိုဏ်းချုပ်သာသနာရဲ့လုပ်ငန်းတွေမှာ လက်တွဲလုပ် ဆောင်ဖို့ အစေခံတစ်ဦးအနေနဲ့ ကျွနု်ပ်ရောက်လာခဲ့တာပါ။ ကျွနု်ပ် ရဲ့အဓိကအလုပ်ကတော့ ဆွဲဆောင်စည်းရုံးဖို့နဲ့ အားပေးကူညီဖို့ ပါ။ တစ်ခါတလေ ကျွနု်ပ်က အကြံပြုတင်ပြပြီး အားလုံးကို ပါဝင် ကူညီလုပ်ဆောင်ဖို့ ဖိတ်ခေါ်ပါတယ်။

မေး။ ။ ကိုယ်တော်ဘာကြောင့် ကက်သလစ်ဘုန်းတော်ကြီးဖြစ် ချင်ခဲ့ရတာလဲ။
ဖြေ။ ။ ကျွနု်ပ်မှာ ထူးခြားတဲ့ အရည်အချင်းရှိလို့ ကက်သလစ်ဘုန်းကြီးဖြစ်လာတာ မဟုတ်ပါဘူး။ ငယ်ငယ်ကနေခဲ့တဲ့ သာသနာပြုကျောင်းက ကျောင်းအုပ်ဘုန်းကြီးက တစ်ရက်မှာ ကျွနု်ပ်ကို ဆေမေနာရီကျောင်းသွားမလားလို့ မေးတယ်။ ကျောင်းကို ဝင်ရင်တော့ မြန်မာနိုင်ငံအောက်ပိုင်းကို ရောက်ဖူးမယ်။ မဟုတ်ရင်တော့ ဒီတောမြို့လေးမှာပဲ နေသွားရမယ်လို့ မသိမသာ ဆွဲဆောင်တယ်။ အဲဒီကျောင်းဝင်ဖြစ်တာကတော့ ကျောင်းသားတစ်ယောက်အနေ နဲ့ ဘုန်းတော်ကြီးကို နားထောင်ရမယ်ဆိုတဲ့ ခံယူချက်ကြောင့်ပါပဲ။ အချိန်ကြာလာတာနဲ့အမျှ စိန်ကိုလန်ဘန်ကက်သလစ်သာသနာပြု ဘုန်းတော်ကြီးတွေရဲ့ ဇွဲသတ္တိနဲ့ လုပ်ဆောင်ချက်တွေကြောင့် ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး ရဲ့ဘဝကို တဖြည်းဖြည်းနားလည်လာ ပါတယ်။ သူတို့ဟာ ကျွနု်ပ်ရဲ့ဘုန်းတော်ကြီးဘဝနဲ့ ဆရာတော်ဘဝမှာ အထိရောက်ဆုံး ကူညီခဲ့ကြပါတယ်။ ငယ်ငယ်တုန်းက ကျွနု်ပ် ရဲ့ကျောင်းထိုင်ဘုန်းကြီးဟာ လူငယ်နှစ်ယောက်ကို ခေါ်ပြီး မြင်းနှစ် ကောင်နဲ့ ရွာတွေကိုနယ်လှည့်တာ မကြာခဏတွေ့ခဲ့ရပါတယ်။ ကျွနု်ပ်အတွက်တော့ ကက်သလစ်ဘုန်းတော်ကြီး ဘဝဆိုတာ အထီးကျန်ဆန်တယ်လို့ မြင်ပါတယ်။ ရွာတွေကိုပွဲနေ့ ကျင်းပဖို့ ကက်သလစ်ဘုန်းတော်ကြီးြွကလာတဲ့အခါ ကလေးတွေနဲ့ လူငယ် တွေက ပျော်ကြတယ်။ လူတွေအများကြီးနဲ့ ဆုံရတာကိုး။ ဒါပေမယ့် ဘုန်းကြီးကတော့ ြွကလာတော့လည်း တစ်ပါးတည်း၊ ပြန်ကြွသွားတော့လည်း တစ်ပါးတည်းပါပဲ။ ...အခုတော့ ကက်သလစ်ဘုန်း တော်ကြီးဘဝဟာ အထီးကျန်ဆန်တယ်ဆိုတာ ပိုမိုလေးနက်တဲ့ အဓိပ္ပာယ်ရှိတဲ့ အင်အားပြည့်ဝတဲ့ အသက်တာတစ်ခုဆိုတာ ကျွနု်ပ် နားလည်လာပါပြီ။ ငါဘယ်လို ကက်သလစ်ဘုန်းတော်ကြီးမျိုးဖြစ် ရမယ်ဆိုတဲ့ သန္နိဋ္ဌာန်ကိုတော့ သေသေချာချာပြန်သတိမရတော့ပါ ဘူး။ ဒါပေမဲ့ လူတွေကိုကူညီဖို့ အဆင်သင့်ရှိတယ်ဆိုတာတော့ ကိုယ့်ကိုယ်ကိုယ်သိနေတယ်။ ..တစ်ပါးတည်း ဖြတ်သန်းခဲ့ရတဲ့နှစ် ပေါင်း(၄၀)က ကျွနု်ပ်ဟာ အခြားဖာသာရ်၊ ဘရာသာရ်၊ စစ္စတာရ်၊ ကက်သလစ်ဘာသာသူတွေလိုပဲ ကိုယ့်ရဲ့အားနည်းချက်တွေကို သိရှိလက်ခံနိုင်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ဆိုတာ ပြသနေပါ တယ်။ ကျွနု်ပ်ပြုလုပ်မိနိုင်တဲ့ မကောင်းမှုရဲ့အတိမ်အနက်ကို သိခွင့် ရလိုက်ခြင်းဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အသိတရားပါပဲ။ ရှေ့ကဦး ဆောင်မယ်လို့ ကျွနု်ပ်မကြွေးကြော်ပါဘူး။ သူတစ်ပါးကို အားပေး ကူညီဖို့ကိုပဲ ကြိုးစားမှာပါ။ ဧဝံဂေလိကျမ်းထဲက သခင်ယေဇူးကို ထောက်ရှုပြီး ဆက်လက်ကြိုးစားသွားဖို့ ခွန်အားရပါတယ်။


(အသုံးပြုခွင့်ပေးခဲ့သော့ UCA News ဌာနအား ထပ်မံကျေးဇူးတင်ပါသည်။)

No comments:

Post a Comment