အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

ဓာတ်ပုံထဲက အမှတ်တရများ ✍️

❤️ ဓာတ်ပုံထဲက အမှတ်တရများ
•••••••••••••••••••••••••••• ✍️ ဇို(တီးတိန်)

ကလေးတွေအားလုံး ဓာတ်ပုံရိုက်လို့ ပြီးသွားပြီ။ အဲဒီအခါမှာ သူတို့ရဲ့ အတန်းပိုင်ဆရာမ မစ္စရို့စ်အန်ထော်နီက ကျောင်းသားတစ်ယောက်ချင်းစီကို 'အဖွဲ့လိုက်ဓာတ်ပုံ'တစ်ပုံစီ ကူးယူကြဖို့ ကြိုးစားတိုက်တွန်းလိုက်ပါတယ်။


"တွေးရုံပဲ တွေးကြည့်ကြပေါ့။ သင်တို့အားလုံး အသက်တွေ ကြီးသွားကြတဲ့အခါ ဒီဓာတ်ပုံတွေကို ပြန်ကြည့်ရင် ဘယ်လောက် အရသာ ရှိလိုက်မလဲနော်။ ဒီမှာ ဂျေနီဖာ၊ အခု သူက ရှေ့နေကြီးဖြစ်နေပြီ ဒါမှမဟုတ် ဒီမှာ မိုက်ကယ်၊ သူ အခု ဆရာဝန်ကြီးဖြစ်နေပြီလို့ ပြောနေကြလိမ့်မယ်"လို့ ဆရာမက ပြောလိုက်တယ်။

အတန်းရဲ့ နောက်ဘက်ကနေ အသံသေးသေးလေးတစ်ခု ထွက်လာတယ်။
"ဒီမှာ ငါတို့ကို စာသင်ပေးတဲ့ ငါတို့ရဲ့ဆရာမ မစ္စရိုစ့်အန်ထော်နီ၊ အခုတော့ သူ ဆုံးသွားရှာပြီ"တဲ့။

[မူရင်း။ M.K.Paul ၏ Memory Lasts Forever ကို ပြန်ဆိုသည်။]

No comments:

Post a Comment