အတော်အသင့်
အခက်ခဲတို့ လောကဓံတို့ ဒုက္ခတို့ဆိုတာ လူမပြောနဲ့ တိရိစ္ဆာန်တွေ အပင်တွေမှာတောင် ခံစားဖို့ ကြုံတွေ့ဖို့ ထိုက်တန်တယ်.
ဘာလို့လဲဆိုတော့ အတော်အသင့် အခက်ခဲတွေ ကြုံဖူးမှ ဖြေရှင်းရင်း ဖြေရှင်းတတ်လာတာ ကြံ့ခိုင်လါတာ ရင့်ကျက်လာကြရတာ မဟုတ်လား
💥 ဘဝဆိုတာ ဝေဒနာ ကနေ အဖြေရှာကြရတာ...
အဲလို အဖြေရှာရင်း ပိုကြီးတဲ့ အခက်ခဲတွေ ဒုက္ခတွေကို ရင်ဆိုင်ဖို့ အဆင်သင့် မာကျောလာတာ ဖြေရှင်းဖို့ ဖြတ်ကျော်ဖို့ ခွန်အားရှိလာတာ ကျင့်သားကြိုရနေကြရမှာ မဟုတ်လား
ကလေးတွေကြည့်ကြည့် တိရိစ္ဆာန်လေးတွေကြည့်ကြည့် လဲကျရင်း သူ့ဘာသာ ပြန်ထရင်းနဲ့ ပြေးလာနိုင်တာ
အရိပ်အောက် အာဟာရပြည့်ပြည့်ဝဝနဲ့ နေလာရတဲ့အပင်တွေ မိုးခေါင် လေတိုက် ရေကြီး ဒဏ်တွေ မခံနိုင်ကြပါဘူး
လူတွေမှာလည်း အဲလိုပါပဲ...
နည်းနည်းလောက် ခက်ခဲတာ ဒုက္ခရောက်တာဟာ ဘယ်သူမဆို သူ့ဟာသူ ဖြေရှင်းစေဖို့ ထိုက်တန်ပါတယ်. ဒါမှ ဖြေရှင်းတတ်လာမယ် အသိတွေ သင်ခန်းစာတွေ ရလာမယ်. နောင် အတွက် ပြင်ဆင်ထားတတ်လာမယ်ပေါ့
ဒီလိုမှ မဟုတ်ဘဲ....
နည်းနည်းလောက် ဒုက္ခဖြစ်တာ တစ်မနက်လောက် ခက်ခဲတာ တနပ်လောက်ထမင်းငတ်တာလောက်ကို ကျနော်ကတော့ သွားမကြည့်တတ်ဘူး မကူညီတတ်ဘူး ...
သူတို့ ကြုံတွေ့ဖူးတယ် သူတို့ဖြေရှင်းနိုင်တယ် နောင်လည်းကြုံနေရအုံးမယ် ဒါမို့ သူ့တို့ဘာသာဖြေရှင်းလိမ့်မယ်. (တချို့ကတေါ့ တကယ်လိုအပ်နေတတ်ပါတယ်)
အေး...အဓိက သူတို့လိုအပ်လာတာက
ရေကြီးပြီး မီးလောင်ပြီး လူတွေ မေ့သွားလောက်တဲ့ ထူထောင်ရေး အခြေအနေမှာ အချိန်ခါမှာပါပဲ
အဲဒီအချိန်ကျတော့ ဘယ်သူမှ သွားမကူ သွားမလှူကြပြန်တော့ဘူး မေ့သွားတတ်ကြတယ်...
ထားပါ
ဒီမှာ ဆိုလိုချင်တာက ပေးတိုင်းလည်းကောင်းတာ မဟုတ်ဘူး. ကျွေးတိုင်းလည်းကောင်းတာ မဟုတ်ဘူး.
👉တကယ်လိုအပ်နေလား..???
👉မလိုအပ်သေးဘူးလား. ???
🤔သေချာကြည့်ပြီးမှ ကိုယ့်စေတနာတွေ အကောင်ထည်ဖော်ဖို့ပါဘဲ
နို့...မဟုတ်ရင်
အမြဲတမ်း အလှူမျှော် အကူမျှော် မက်မောတတ်တဲ့ လူပျော့ကလေးတွေ ဖြစ်ကုန်မှာ စိုးတယ်...
တခါတလေ
သူတို့ ဘာသာ ရုန်းကန်တတ်ဖို့ အခွင့်အရေးပေးသင့်တယ်. ဒါမှ ကိုယ်ပိုင်အစွမ်းတွေထွက်လာမယ် မလား???
💪💪💪
No comments:
Post a Comment