အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, October 24, 2020

အချစ်နှင့် အင်တာဗျူးခြင်

🎯 အချစ်နှင့် အင်တာဗျူးခြင်း
     ••••••••••••••••••••••••••• ✍️ ဇို(တီးတိန်)

သူတို့က အချစ်ကို မေးသတဲ့။ 
"ခင်ဗျားကို ဘယ်သူ ပိုင်တာလဲ"
သူက ပြန်ဖြေတယ်။
"အချစ်က ပိုင်ဆိုင်ပါတယ်"
"ခင်ဗျားကို ဘာနဲ့ ဖန်ဆင်းတာလဲ"
"အချစ်နဲ့ ဖန်ဆင်းပါတယ်"
"ခင်ဗျားကို ဘယ်သူက မွေးဖွားပေးတာလဲ"
"အချစ်က မွေးဖွားပေးပါတယ်"
"ခင်ဗျား ဘယ်မှာ မွေးတာလဲ"
"အချစ်ထဲမှာ မွေးတာ"
"ခင်ဗျားကို ဘယ်သူဖန်ဆင်းတာလဲ"


"အချစ်က ဖန်ဆင်းပါတယ်"
"ခင်ဗျား နာမည်က ဘာလဲ"
"အချစ်ပါ"
"ခင်ဗျား ဘယ်က လာတာလဲ"
"အချစ်ဆီက လာတာပါ"
"ခင်ဗျား ဘယ်သွားတာလဲ"
"အချစ်ဆီ သွားတာပါ"
"ခင်ဗျား ဘယ်မှာ နေတာလဲ"
"အချစ်ထဲမှာ နေပါတယ်"
ဒါနဲ့ သူတို့က အချစ်ကို ဆက်မေးပြန်တယ်။
"အချစ်မှအပ ခင်ဗျား ဘယ်အရာတွေ ပိုင်ဆိုင်ထားသေးလဲ"
"ပိုင်ဆိုင်တာပေါ့ဗျာ။ နာကျင်မှုတွေ၊ အမှားတွေ၊ အချစ်ကို ဆန့်ကျင်တဲ့အပြစ်တွေပေါ့"
လို့ အချစ်က ပြန်ဖြေတယ်။ 
"ခင်ဗျားရဲ့ အချစ်ထဲမှာ ခွင့်လွှတ်ခြင်း ရှိပါရဲ့လား"
အချစ်က ပြန်ဖြေတယ်။
"ငါ့အချစ်တွေထဲမှာ သနားခြင်းနဲ့ တရားမျှတခြင်း ရှိတယ်"

🎯 INTERVIEW WITH LOVE
- R.Lullo

They asked the lover, "To whom do you belong?"
He answered, "To love."
"Of what are you made"?
"Of love."
"Who gave you birth?"
"Love."
"Where were you born?"
"In love."
"Who created you?"
"Love."
"What's your name?"
"Love."
"Where are you coming from?"
"From love."
"Where do you go?"
"To love "
"Where do you dwell?"
"In love."
They asked him further, "Do you possess something else besides Love?"
Love answered, "Yes, offences, faults, sins against my Beloved."
"And in your Beloved, is there forgiveness?"
The Lover said, "In my Beloved there are justice and mercy.

No comments:

Post a Comment