_______________________________
♥ အိမ်ထောင်ပြုတယ်ဆိုတာ လုံးဝလွယ်ကူတဲ့ အရာမဟုတ်ပါဘူး
♥ လယ်လုပ်မှားရင် တစ်နှစ် / အိမ်ထောင်ပြုမှားရင် တစ်သက်ဆိုတဲ့
စကားကို ကြားဖူးကြမှာပါ အိမ်ထောင်ပြုတဲ့အခါ ကိုယ့်ရဲ့ အိမ်ထောင်ဘက်ကို သေချာရွေးချယ်တတ်ဖို့လိုပါတယ်...
♥အခုခေတ် ယောက်ကျားလေးတွေ မိန်းခလေးတွေက 15/16 လောက်ဆို
အိမ်ထောင်ပြုကြတယ် မှားတယ်လို့တော့မပြောချင်ပါဘူး
ဒါပေမယ့် အရမ်းစောလွန်းပါတယ်
♥ တကယ်လို့အိမ်ထောင်ပြုမယ်ဆိုရင် ကိုယ်ချစ်တဲ့ သူနဲ့ အနည်းဆုံး
ချစ်သူသက်တန်း 2/ 3 နှစ်လောက်နေသင့်တယ် ဘာဖြစ်လို့လဲဆိုတော့
ချစ်သူဘဝ ကတည်းကကိုယ့်ရဲ့ အိမ်ထောင်ဘက်ရဲ့စိတ်နေစိတ်ထားကို
လေ့လာသင့်တယ် သူနဲ့ကိုယ်ရှေ့ဆက်ဖြစ်နိင်လား မဖြစ်နိင်ဘူးလားဆိုတာ
ချစ်သူဘဝကပင်လေ့လာသင့်တယ်
♥ အခုခေတ်မှာက ချစ်သူဘဝ 1လ 2လ လောက်ဆိုယူကြပြီ
ဟုတ်ပါပြီ ယူလို့တော့ရတယ် အခုယူအခုရတာပေါ့
ဒါပေမယ့် တစ်ယောက်စိတ်တစ်ယောက်သေချာမသိပဲနဲ့
သေချာမလေ့လာပဲနက်ယူတာဟာ တော်တော်မှားယွင်းတဲ့ အရာပါပဲ့
ချစ်သူဘဝမှာပင် သူ့စိတ်ကိုယ့်စိတ်သေချာ မသိတဲ့အခါ
အိမ်ထောင်သည်ဘဝ ရောက်တဲ့အခါမှ သူ့စိတ်ကိုယ့်စိတ်မကိုက်ညီရင်
နှစ်ယောက်စလုံး ဒုက္ခရောက်ရတယ်
♥ ကျွန်တော်ပြောချင်တာက အိမ်ထောင်ပြုမယ်ဆိုရင်
အနည်းဆုံး ချစ်သူသက်တန်း 2နှစ်လောက်တော့ နေသင့်ပါတယ်
အာ့ဒီ 2 နှစ်အတွင်း သူ့စိတ်ကိုလေ့လာပါ ကိုယ့်နဲ့ကိုက်ညီမလားဆိုတာ
ဆုံးဖြတ်ပါ တကယ်လို့သူ့စိတ်နဲ့ ကိုယ့်စိတ်မကိုက်ညီဘူးဆိုရင်
စောစောလမ်းခွဲလိုက်တာကောင်းပါတယ်
♥ စောစော စီးစီးအိမ်ထောင်ပြုရင် သူ့စိတ်ကိုမသိရဘူး
လူဆိုတော့ သိတဲ့ အတိုင်းပဲလေ အကျိုးလို လို့ ညောင်ရေလောင်းတတ်ကြတယ် အပေါ်ယံတွေများတယ် မရခင်တော့ ဖျာလိုလိပ်ပြီးထိပ်ပေါ်တင်ချင်ကြတယ် ရပြီးမှ ချနင်းတတ်တဲ့သူတွေအများကြီးပါ ဒါကြောင့်အာ့လိုမဖြစ်ဖို့ ချစ်သူဘဝကပင်သေချာလေ့လာသင့်တယ် သေချာဆုံးဖြတ်သင့်တယ်
♥ အိမ်ထောင်ပြုတယ်ဆိုတာ တကယ်ကိုမလွယ်ပါဘူး
ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရဖို့ဆိုတာ
ခင်ပွန်းသည်အပေါ်မူတည်သလို ဇနီးသည်အပေါ်လည်းမူတည်ပါတယ်
ဘဝဆိုတာ တိုက်ပွဲလိုပါ အာ့ဘဝဆိုတဲ့တိုက်ပွဲမှာ
ယောက်ကျားလေးတစ်ယောက်ထဲ့ကောင်းလို့လည်းမရဘူး
မိန်းခလေးတစ်ယောက်ထဲ့ကောင်းလို့လည်းမရဘူး
ဥပမာ---> ယောက်ကျားလေးက သေနတ်ဆိုရင်မိန်းခလေးက ကျဥ်ဆံလိုပဲ့
သေနတ်တစ်ခုကောင်းတာနဲ့ ကျဥ်ဆံမကောင်းရင်ပစ်လို့မရဘူး
ကျဥ်ဆံကောင်းပေမယ့်လည်း သေနတ်မကောင်းရင်ပစ်လို့မရဘူး
ဒါကြောင့် သေနတ်ရယ်ကျဥ်ဆံရယ်နှစ်ခုစလုံးကောင်းမှ
ဘဝ ဆိုတဲ့ တိုက်ပွဲကိုသေချာတိုက်နိင်မှာပါ.....
♥ပေျ ာ်ရွှင်တဲ့အိမ်ထောင်ဘဝတစ်ခုဆိုတာ ချမ်းသာတဲ့သူကို
လက်ထပ်ဖို့မဟုတ်ဘူး ကိုယ်နဲ့အတူ ချမ်းသာအောင်ကြိုးစားတဲ့သူနဲ့လက်ထပ်တာပိုအဆင်ပြေပါတယ် အစပိုင်းမှာ ဘယ်လောက်ပဲဆင်းရဲဆင်းရဲ......
နှစ်ယောက်အတူကြိုးစားရင် ပြည့်စုံတဲ့ဘဝရနိင်ပါတယ်
ယောက်ကျားလေး က ပိုက်ဆံကိုရှာရမယ် မိန်းမဖြစ်သူက
ယောက်ကျားရှာလို့ရတဲ့ ပိုက်ဆံကို သေချာသုံးတတ်ရမယ်
လိုတဲ့နေရာတွေမှာ မျှမျှတတ သုံးတတ်ဖို့လိုပါတယ်
♥ ရန်ဖြစ်တာ အတတ်နိင်ဆုံးရှောင်ရမယ် တကယ်လို့ တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်းမကိုက်ညီဘူးဆိုရင် မအော်ပါနဲ့ လက်မပါကြပါနဲ့
တစ်ယောက်ကမှားနေရင် သေချာရှင်းပြပါ နင်ဒါမှားနေပြီ ဒီလိုမလုပ်နဲ့
အာ့လိုမျိုးပေါ့ လက်ပါတယ် အော်တယ်ဆိုတာ နှစ်ယောက်စလုံးကိုစိတ်ဒုက္ခရောက်စေတာပါ
♥ စောစောစီးစီးအိမ်ထောင်ပြုတယ်ဆိုတာ ကံကောင်းရင်တော့ဟုတ်ပါပြီ
တကယ်လို့ ကိုယ်ယူတဲ့ ယောက်ကျားပဲဖစ်စေ မိန်းမပဲဖစ်စေ
ကိုယ်အပေါ်နားလည်မှုမရှိရင် ကိုယ်နဲ့စိတ်ချင်းမတူရင် ဒုက္ခရောက်ရမှာပါ
မယူခင်လည်း သူ့စိတ်ကိုသေချာမလေ့လာခဲ့ရင်ယူပြီးမှ သူ့စိတ်ကိုသိရတာမျိုး မဖြစ်စေချင်ဘူး ဒါကြောင့်မယူခင်မှာ သေချာလေ့လာကြပါလို့ပြောချင်ပါတယ်...
♥ အဆင်မပြေရင် လမ်းခွဲလို့ရတယ်တဲ့ မှန်ပါတယ် ဒါပေမယ့်
လမ်းခဲွဲကြတယ်ကွာရှင်းကြတယ်ဆိုတာ လွယ်တယ်ထင်လား
နှစ်ယောက်စလုံးအတွက်အရမ်းနစ်နာတယ်
နောက်တစ်ယောက်ကိုပြန်လက်ထပ်ဖို့ဆိုတာလည်း
ဘဝကို တစ်က ပြန်စရဖို့လေ စီးပွားရေးရှာရမယ့်အချိန်တွေအရမ်းနောက်ကျသွားမှာ သားသမီးတွေရှိရင်လည်း အရမ်းကိုဒုက္ခရောက်ပြီး
ဆွေမျိုးအတိုင်းဝိုင်းတွေကြားမှာလည်း မျက်နှာပျက်ကြရပါတယ်
♥ အခုလိုတွေ မဖြစ်ဖို့အတွက် မယူခင်ကတည်းက သေချာလေ့လာကြပါ
ယူပြီးတဲ့အခါမှ လမ်းခွဲတာမျိုး ကွာရှင်းရတာမျိုး ဖြစ်ရင်တကယ်ကို မကောင်းပါဘူး ချစ်သူဘဝကတည်းကိုယ့်အိမ်ထောင်ဘက်အဖြင့်ရွေးရွယ်မယ့်သူကိုသေချာလေ့လာပြီးမှ အိမ်ထောင်ပြုကြပါ....
- အမှားပါရင် ခွင့်လွှတ်ပါ -
________________________
= မြင့်ထွေး =
No comments:
Post a Comment