#လုပ်ဖော်ကိုင်ဖက်ကောင်းလိုတယ်နော်#
*** အသက်ပေးသော အနမ်းများ ***
၁၉၆၇ ကရိုက်ခဲ့ပြီး ပူလစ်ဇာဆုရတဲ့ဓါတ်ပုံပါ။
လျှပ်စစ်လိုင်း အလုပ်သမားတယောက်ဟာ ဗို့အားမြင့်လိုင်းကြိုးကို ထိမိပြီး အသက်ရှူရပ်ကာ လန်ကျလာပါတယ်။ ခါးပတ်နဲ့မို့အောက်ထိမကျပေမဲ့ မလှုပ်တော့ပါဘူး။
အောက်ကတက်လာတဲ့ သူ့အလုပ်ဖေါ်က ပါးစပ်ချင်းတေ့ပြီး လေမှုတ်သွင်းလို့ပဲရပါတယ်။ ရင်ဘတ်ကိုဖိမရနိုင်ပါဘူး။ ကြိမ်ဖန်တော်တော်များများလုပ်တော့ သွေးလေးဖျော့ဖျော့စမ်းလို့ရခဲ့တယ်။
ဒါနဲ့ ခါးပတ်ဖြုတ်ပြီး ကြောပိုးကာ အောက်ကိုရအောင်ဆင်းခဲ့တယ်။ အောက်မှာ တခြားလုပ်ဖေါ်တွေက ဝိုင်းပြီး CPR လုပ်ကြတယ်။ ခနနေတော့ ဆေးရုံကားလဲရောက်လာတယ်။ လုပ်ဖေါ်ကိုင်ဖက်ကောင်းတော့ လူကောင်းပကတိပြန်ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် လုပ်ဖေါ်ကိုင်ဖက်ကောင်းဖို့လဲလိုအပ်တယ်။ အသက်ကယ်နည်း အခြေခံတွေကို သိသင့်တာသိရမယ်။ ပြဿနာကို အေးဆေးလျှင်မြန်စွာ ရှင်းနိုင်ရမယ်။ အဖေါ်ကောင်းဖြစ်မှ အဖေါ်ကောင်းရနိုင်မှာပါ
No comments:
Post a Comment