အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Tuesday, March 12, 2019

တောင်ကြီးဂိုဏ်းချုပ်သာသနာ စီမံအုပ်ချုပ်ဆရာတော်ကြီး ဘာစီလီအိုအားသိုက် အား တွေ့ဆုံမေးမြန်းခြင်း

ရန်ကုန်၊ မတ်လ ၁၂၊ ၂၀၁၆
ဂလိုရီယာသတင်းဂျာနယ်တိုက်မှ အယ်ဒီတာချုပ်ဖြစ်သော ဂျိုးဇက်ကုန်ဇမှုန်းက တောင်ကြီးကက်သလစ် ဂိုဏ်းချုပ်သာသနာ၏ စီမံအုပ်ချုပ်ဆရာတော်ကြီး ဘာစီးလီအိုအားသိုက် အား မတ်လ (၁၂) ရက်နေ့၌ လျှပ်တစ်ပြက် တွေ့ဆုံမေးမြန်းခဲ့မှုကို တင်ဆက်ပေး လိုက်ပါသည်။
 မေး။    ကိုယ်တော့်တောင်ကြီးသာသနာမှာရှိနေကြတဲ့ ရဟန်းတော်တွေရဲ့ စဉ်ဆက်မပြတ် လေ့ကျင့်မှုနဲ့ပတ်သက်ပြီး ဘယ်လိုလုပ်နေ ပါသလဲ။
ဖြေ။    တောင်ကြီးသာသနာမှာရှိနေကြတဲ့ ရဟန်းတော်တွေရဲ့ စဉ်ဆက်မပြတ် လေ့ကျင့်မှုနဲ့ ပတ်သက်ပြီး စနစ်တကျ မလုပ်နိုင်သေး ပါဘူး။ ပြီးခဲ့တဲ့ နှစ်ဆိုရင်အချိန် (၂) ရက်ပဲ ရခဲ့ပါတယ်။
မေး။    တောင်ကြီးကက်သလစ်သာသနာမှာ ဦးနေ၀င်းအစိုးရကပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့တဲ့ သာသနာပိုင် စာသင်ကျောင်းတွေနဲ့ အဆောက်အဦတွေကိုပြန်ရဖို့ အစီအစဉ်ဆွဲထားတာ များရှိပါသလား။
ဖြေ။    အစိုးရက ပြည်သူပိုင်အဖြစ်သိမ်းဆည်းခဲ့တဲ့ သာသနာပိုင်စာသင်ကျောင်းတွေနဲ့ အဆောက်အဦတွေကိုပြန်ရဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ မဝေးသေးတဲ့ အတိတ်ကာလတွေက နိုင်ငံတော်ရဲ့ အဆင့်မြင့်ပညာရေးဏ္ဍမှာ သာသနာက ဘယ်လောက်အထိ စွမ်းဆောင်ပေးခဲ့တယ်ဆိုတဲ့ သာဓကတွေရှိခဲ့တာပဲ။ ဒီကနေ့လည်း စုပေါင်းပြီးကြိုးစားရင်ဖြစ်နိုင် ပါတယ်။ မပြောတတ် ဘူး၊ တောင်းတဲ့လူကတောင်းပေမယ့် ပေးတဲ့လူကပေးနိုင်မှကိုး။
မေး။    ကိုယ်တော်က ဥက်္ကဌတာဝန်ယူပြီး လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သမ်္မာကျမ်းစာကော်မရှင်ရဲ့ လုပ်ငန်း ဆောင်ရွက် ချက်နဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံး လုပ်ဆောင်နေမှုအပေါ်အားရပါသလား။
ဖြေ။    မြန်မာနိုင်ငံလုံးဆိုင်ရာ သမ်္မာကျမ်းစာကော်မရှင်အဖွဲ့သားတွေရဲ့ လုပ်ဆောင်မှုကို အားရပါတယ်၊ အားငယ် ရတာက သမ်္မာကျမ်းစာကော်မရှင်ကို တာဝန်ယူတဲ့ကိုယ်က သူတို့ကို အပြည့်အ၀ အကူအညီမပေးနိုင်ခဲ့တာတစ်ခုပါပဲ။
မေး။    မြန်မာနိုင်ငံလုံးကက်သလစ်ဓမ်္မဟောင်းကျမ်းကို ဘာသာပြန်နေတာ နောက်ဆုံးဘယ်အဆင့်ရောက်ပြီလဲ။
ဖြေ။    မြန်မာနိုင်ငံလုံးကက်သလစ်ဓမ်္မဟောင်းကျမ်းကို ဘာသာပြန်နေတာက ကော်မရှင်ရဲ့ ဘာသာပြန် ဘုန်းကြီးတစ်ပါးဖြစ်တဲ့ ဘုန်းတော်ကြီး ဂျွန်အေးကျော်က ကြိုးစားပြီး ဘာသာပြန် ရေးသားနေပါတယ်။ အဆုံးသတ် တော့မယ်လို့လည်း ပြောပါတယ်။
မေး။    လက်ရှိဆရာတော်ရဲ့လုပ်ငန်းအပေါ်မှာ ဘယ်အရာက အအောင်မြင် ဆုံးလဲ။ အခက်အခဲတွေက ဘာလဲ။
ဖြေ။    ကျွန်တော့်ရဲ့ လက်ရှိလုပ်နေတဲ့လုပ်ငန်းတွေအပေါ်မှာ လူတကာ ချီးမွမ်းလောက်အောင် လုပ်ခဲ့တာမရှိလို့ အအောင်မြင်ဆုံး ဆိုတာလည်း မခံစားမိသေးပါဘူး၊ အခက်အခဲတွေကတော့ များပါတယ်။ ဒါတောင်မှ ကိုယ့်အပေါ်နားလည်ပေးတဲ့ လုပ်ပေါ်ကိုင်ဘက် ဆရာတော်ကြီးတွေ ဘုန်းကြီး တွေ၊ သီလရှင်တွေရှိနေသေးလို့သာ ခံသာတာလို့ဆိုရမှာပေါ့။
မေး။    ဆရာတော်ကြီးအနေနဲ့ တစ်နိုင်ငံလုံး (သို့) တောင်ကြီး သာသနာ အဆင့်အနေနဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ဘာအစီအစဉ်များ ရှိပြီလဲ။
ဖြေ။    ပညာရေးကဏ္ဍနဲ့ ပတ်သက်ပြီး အနားယူသွားတဲ့ဆရာတော်ကြီးရဲ့မူအတိုင်း ပညာရေးကို ဦးစားပေးဆိုပြီး လုပ်ဆောင်နေပါတယ်။ စီမံကိန်းရယ်လို့ သတ်သတ်မှတ်မှတ် အကောင် အထည် မဖေါ်နိုင်သေးပေမယ့် သာသနာတော်ရဲ့ အစီအစဉ်အတိုင်း လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လည်း လက်တွဲလုပ်ဆောင်နေပါတယ်။
မေး။    တောင်ကြီးသာသနာမှာ ရှိနေကြတဲ့ ဘာသာတူတွေရဲ့ အသင်းတော်အပေါ်ပါဝင်မှု၊ ၀ိညာဉ်ရေးဆိုင်ရာ ရင့်ကျက်မှုတွေကို သုံးသပ်ပေးပါ။
ဖြေ။    တောင်ကြီးသာသနာမှာရှိနေကြတဲ့ ဘာသာဝင်တွေရဲ့ အသင်းတော်အပေါ်ပါဝင်မှုလို့ ပြောရင် သူတို့တစ်တွေရဲ့ ဆုတောင်း မေတ်္တာအားဖြင့် ပါဝင်မှုအတွက်ကိုတော့ ကျေးဇူးတင်ရမှာပါ။ တစ်ခြားလုပ်ငန်းကိုင်ငန်းတွေမှာ ပါဝင်မှုကိုတော့ အားနည်းနေသေးတယ်လို့ ဆိုရမှာပေါ့။ ဒါကလည်း ဦးဆောင်တဲ့ ကျွန်ုပ်တို့အပေါ်မှာအများကြီးမူတည်ပါတယ်။ လက်ရှိရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မိန့်ဆိုသလို ကျွန်ုပ်တို့က ကိုယ်သိုးတွေကြားထဲကိုသွားပြီး သိုးတွေရဲ့ရနံ့  စွဲကပ်အောင် လုပ်ဆောင်ရအုံးမှာပေါ့။ ဘာသာဝင်တွေရဲ့ ၀ိညာဉ်ရေးဆိုင်ရာ ရင့်ကျက်မှုကို သုံးသပ်ဖို့ဆိုတာထက် သူတို့ထဲမှာ သဒ်္ဓါတရားရှိတဲ့ ဘာသာဝင်တွေ၊ ဘုရားတရာကြည်ညိုတဲ့ ဘာသာဝင်တွေ၊ စိတ်ကောင်းနှလုံးကောင်းရှိတဲ့ ဘာသာဝင်တွေရှိ နေသေးတယ်လို့ပဲ ပြောပါရစေ။
မေး။    မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ရုံးမှာ တစ်နိုင်ငံလုံး  ဆိုင်ရာသာသနာ့ခုံရုံး ရှိသင့်ပြီလို့ယူဆ ပါသလား။ ဘယ်လိုမြင်ပါသလဲ။
ဖြေ။    မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ရုံးမှာ တစ်နိုင်ငံလုံးဆိုင်ရာ သာသနာ့ခုံရုံး National Tribunal Center ဆိုတာရှိရင်တော့ ကောင်းတာပေါ့။ လုပ်သင့် မလုပ်သင့်ကိုတော့ အချိန်အခါနဲ့ ဘာသာရပ်ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ သုံးသပ်မှုအပေါ်ကြည့်ပြီး ဆုံးဖြတ်ရမယ်လို့ထင်ပါတယ်။
အယ်ဒီတာချုပ်။    အခုလိုမျိုး မေးမြန်းချက်တွေကို ဖြေကြားပေးတော်မူတဲ့အတွက် ဆရာတော့် ကို ကျေးဇူးတင်ပါတယ်။
ဆရာတော်။ ကျွန်တော်လည်း ဂလိုရီယာသတင်းဂျာနယ်ရဲ့ အယ်ဒီတာချုပ်ကို ကျေးဇူးတင်ပါတယ်။      

  ဂျိုးဇက်ကုန်ဇမှုန်း
http://glorianewsmm.com/?p=2597

No comments:

Post a Comment