အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, August 4, 2017

ဘုန်းကြီးတစ်ပါးအမြဲမှားနေသည်

ဘုန်းကြီးတစ်ပါး Mass အချိန်မီဟောလျှင် သူ့နာရီမြန်လိုက်တာ
Massနောက်ကျလျင် အချိန်ကိုမလေးစားဘူး။
  ဘုန်းကြီးတစ်ပါးတရားတိုလျင် ပြင်ဆင်မှုမရှိဘူး။
တရားရှည်လျင် လေဖောလိုက်တာ။
 ဘုန်းကြီးတစ်ပါးအိမ်အလည်မသွားလျင် ဘာသာသူတွေကိုဂရုမစိုက်ဘူး။
အိမ်အလည်သွားပြန်လျင် အလည်သွားလွန်းတယ် ကျောင်းနဲ့လူမကပ်ဘူး။
 ဘုန်းကြီးတစ်ပါးအသက်ကြီးလျှင် ခေတ်ကုန်ပြီ အနားယူသင့်ပြီ။
အသက်ငယ်လျှင် အတွေ့အကြုံမရှိဘူး။
ဘုန်းကြီးတစ်ပါးလယ်ယာစိုက်ပျိုးလျှင် စီးပွားရေးသမား ဝိနည်းနဲ့မနေဘူး။
 လယ်ယာမစိုက်ပျိုးလျှင် ဒီဘုန်းကြီး ကလူပျင်းပဲ။
 ဘုန်းကြီးတစ်ပါးလူကြီးတွေနှင့်ပေါင်းလျှင် ခေတ်နောက်ကျလွန်းတယ်။
လူငယ်တွေနှင့်ပေါင်းလျင်ခေတ်ဆန်လွန်းတယ် ဟေးလားဝါးလားပဲနေထိုင်တယ်။






သေချာသည် ##ဘုန်းကြီးတစ်ပါး အသက်ရှင်နေသမျှသူ့ထက်ပိုတော်ပိုတတ်သောဘာသာသူများစွာရှိသည်။

သို့သော် ဘုန်းကြီးတစ်ပါးပျံလွန်သွားလျှင် သူ့နေရာကိုအစားထိုးနိုင်မည့်သူ မရှိပေ။

ယနေ့သည် ကက်သလစ်သာသနာတော်မှ ရဟန်းတော်များအားကူညီစောင့်ရှောက်သူ St.John Mary Vianeyအားဂုဏ်သောပွဲနေ့ဖြစ်သည်။ အားလုံး ကိုယ့်သာသနာ ကျောင်းထိုင်ဘုန်းတော်ကြီးများအတွက်သတိရဆုတောင်းပေးကြစို့။

No comments:

Post a Comment