အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Friday, August 4, 2017

ကက်သလစ် ရဟန်းဘုန်းတော်ကြီးတစ်ပါးဖြစ်ရန် လို အပ်ချက်

ကက်သလစ် ရဟန်းဘုန်းတော်ကြီးတစ်ပါးဖြစ်ရန် လို အပ်ချက်
အားလုံးကိုမင်္ဂလာပါ  ဤယနေ့ ကျွန်ုပ်ဗဟုသုတ အဖြစ် ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးဖြစ်ဖို့ရန်လို အပ်သောသတ်မှတ်ချက်အချို့ကိုဖော်ပြပေးလိုက်ပါတယ်။
မြန်မာနိုင်ငံ၌ သင်သည် ကက်သလစ်ခရစ်ယာန် ရဟန်းဘုန်းတော်ကြီး တစ်ပါး ဖြစ်လိုပါလျှင်သင်၌အဓိကလိုအပ်သည်များမှာ
(1) သင်သည် ကက်သလစ်ခရစ်ယန်ဘာသာဝင်တစ်ဦးဖြစ်ရမည်။
(2) သင်သည်အိမ်ထောင်မပြုသူ၊ ငယ်ဖြူအမျိုးသားဖြစ်ရမည်။
(3) သင်သည်အကျင့်စာရိတ္တကောင်းမွန်ကြောင်း သင်၏ကျောင်းထိုင် ဘုန်းတော်ကြီး နှင့် ဆရာတော်က ထောက်ခံပေးရမည်။
(4) သင်သည်ကျန်းမာရေး ကောင်းမွန်ပြီးပညာအသင့်အတင့်ရှိရမည်။





မြန်မာနိုင်ငံ၌ ပညာအသင့်အတင့်ရှိရမည်ဆိုသည်မှာ သင်သည်မြန်မာနိုင်ငံမှ အပ်နှင်းသောဘွဲ့တစ်ခုခုကို ရရှိထားသူဖြစ်ရမည်။ ထို့နောက် အခြေခံ ရဟန်းဖြစ်သင် ကျောင်း တွင်အင်္ဂလိပ်စာနှင့် ဘာသာရေးစာတစ်ချို့ကို အခြေခံအားဖြင့် (၂)နှစ်တာ လေ့လာဆည်းပူးရင်း သင့်ကိုယ်သင်ကောင်းသောဘ၀အသက်တာဖြင့် ရဟန်း တစ်ပါး ပြုမှုနေထိုင်သကဲ့သို့ ပြုပြင်နေထိုင်ရမည်။
 အင်္ဂလိပ်စာအခြေခံတတ်မြောက်မှုကို IELTS, TOFEL သို့မဟုတ် ကက်သလစ်ခရစ်ယာန်ရဟန်းဖြစ်သင်တက္ကသိုလ်မှ ချမှတ်ထားသောဝင်ခွင့်စာမေးပွဲ (Entrance Exam)ကိုအောင်မြင် ခြင်းဖြင့်အသိအမှတ်ပြုသည်။ အင်္ဂလိပ် စာများကိုအခြေခံသင် ကြားရခြင်းမှာ ကက်သလစ် ခရစ်ယာန်တက္ကသိုလ်များတွင် ဆက်လက်သင်ကြားမည့်ဘာသာရပ်များအားလုံးသည် အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားခြင်း ဖြစ်သောကြောင့်ဖြစ်သည်။ သင်သည်ထိုစာမေးပွဲတစ်ခုခုကို အောင်မြင် ပြီဆိုလျှင်သင့်ကို ကက်သလစ်ရဟန်းဖြစ်ဖို့ရန် ပထမဦးစွာ (Casock) ဟု ခေါ်သော ၀တ်ရုံသင်္ကန်းကိုစည်းပေးမှာဖြစ်ပတယ်။ ထိုနေ့မှစ၍ သင်သည် ကက်သလစ် ခရစ်ယန်ကိုရင်တစ်ပါး(Major Seminarian)ဘ၀ အဖြစ်သို့ ရောက်ရှိပြီ ဖြစ်သည်။ ကက်သလစ်ခရစ်ယာန်ကိုရင်တစ်ပါးအနေနှင့်သင်သည် (၇) နှစ်တာ ဆက်လက်ပညာသင်ယူရမည်ဖြစ်သည်။
(၁) ပြင်ဦးလွင်မြို့ရှိစိန်ဂျိုးဇက်ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ်တွင်ဒဿနိကဗေဒ (Philosophy) ပညာရပ်ကို (၂)နှစ်တာဆည်းပူးရမည်။
(၂)တောင်ကြီးမြို့ရှိ စိန်မိုင်ကယ်ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ်တွင် ၀ိညာဉ်ရေး ဆိုင်ရာ (Spirituality) ပညာရပ်ကို (၁)နှစ်တာဆည်းပူးလေ့လာရမည်။
(၃)ရန်ကုန်မြို့ရှိ ကက်သလစ်ရဟန်းဖြစ်သင်တက္ကသိုလ်တွင် ဓမ္မသဂြိင်္ုလ် (Theology) ပညာရပ်ကို (၄)နှစ်တာဆည်းပူးရမည်ဖြစ်သည်။ ဤ(၇)နှစ်တာ ပညာသင်ယူပြီးပါက သင်သည်ရဟန်းဖြစ်ဖို့ရန်ပညာများသင်ကြားပြီးပြီဖြစ်ကြောင်း ခံယူရမည်။
 ရဟန်းဘ၀သို့တက်လှမ်းရန်အဆင့်ဆင့်မှာ
(1) ပြင်ဦးလွင်ရဟန်းဖြစ်တက္ကသိုလ်သို့သင်ဝင်ခွင့်ရသည်နှင့် သင့်အား ကိုရင် သင်္ကန်း (Casock)စည်းပေးခြင်း။
(2) ရန်ကုန်မြို့ရဟန်းဖြစ်သင်တက္ကသိုလ်ဒုတိယပညာသင်နှစ်တွင် သင့်အား သမ္မာကျမ်းစာအမှုတော်ဆောင် (Lector) သိက္ခာငယ်ကိုခံယူစေခြင်း။
(3) ရန်ကုန်မြို့ရဟန်းဖြစ်သင်တက္ကသိုလ် တတိယပညာသင်နှစ်တွင် သင့်အား ယဇ်ပလ္လင်အမှုတော်ဆောင် (Acolyte) သိက္ခာငယ်ကိုခံယူစေပြီး။
သင်သည်(၇)နှစ်တာပညာသင်ယူပြီးနောက် သင်၏ဆရာတော်မှ သင့်အား သင့်လျော်သော အချိန်တွင်သင့်ကို ဦးပဉ္စင်းကြီး (Deacon Ordination) သိက္ခာ ကိုတင် ပေးမှာ ဖြစ်ပါတယ်။ သင်သည်ဦးပဉ္စင်းကြီးဘ၀ဖြင့် (၆)လ သို့မဟုတ် (၁)နှစ် သို့မဟုတ် သင့်ဆရာတော်ကြီး၏ဆုံးဖြတ်ချက်အတိုင်းသူသည် သင့်အား ရဟန်းသိက္ခာ (Priestly Ordination)ကိုတင်ပေးမှာဖြစ်ပါတယ်။ ရဟန်းသိက္ခာကို ခံယူသည့်နေ့မှစ၍ သင်သည် ထာဝရ ရဟန်းတစ်ပါးအဖြစ်သို့ ရောက်ရှိသွားပြီ ဖြစ်ပါသည်။

 ကက်သလစ်ခရစ်ယာန်ရဟန်းတစ်ပါးအနေဖြင့် သင်သည် ဖြူစင်ခြင်း၊ (အိမ်ထောင်မပြုဘဲငယ်ဖြူဘ၀ဖြင့်ဘုရားသခင်၏အမှုတော်ကိုထမ်းဆောင်ရန်) နှင့် နာခံခြင်း (မိမိ၏ဆရာတော်နှင့် ထိုဆရာတော်၏အရိပ်အယာကိုဆက်ခံမည့်သူအား နားထောင်ခြင်း) ဆင်းရဲခြင်း (မိမိကိုယ်ကျိုးအတွက်မဟုတ်ဘဲတခြားသူများအတွက်သာပစ္စည်းများကိုအသုံးပြုရန်)ကတိသစ္စာများကိုဆိုကြရမည်။


    စုစည်းတင်ပြသူ Bro Nicholas Saw Thar Sein

No comments:

Post a Comment