စိန်ဒေါမိနစ်သည်အကျင့်စာရိတ္တအလွန်ကောင်းသူ၊ ဘုရား သခင်ကိုချစ်သောမီးတောင်သည်လည်းအ လွန်ပြင်းထန်လွန်း သူဖြစ် သည်။ ထို့ကြောင့်ဒေါမိနစ်သည်ဘုရားသခင်ရွေးချယ်သောဖ လားတော်ဖြစ်သည်မှာယုံမှားစ ရာမရှိ။ သို့ သော်သနားရမည့်ရာ၊ ကြင်နာရမည့်အကြောင်း ကိစ္စ များနှင့်ပတ်သက်လာလျှင်အလွန်ပြတ် သားသူဖြစ် သည်။ ဆိုလိုသည်မှာမလိုအပ်ပါဘဲနှင့်သနားခြင်း၊ ကြင် နာခြင်းကိုပြသခြင်းသည်သနားကြင်နာခြင်းခံရသူအားပျော့ညံ့သွားေ စသောကြောင့်သူသည်အခြေအနေကိုကောင်းစွာသုံးသပ်ပြီးမှသာ သနားသင့်ကသနားလေ့ရှိသူဖြစ်သည်။
သူသည်အလွန်သီးခံတတ်သူဖြစ်ကြောင်းပျော်ရွှင်သောနှ လုံးသားကပြသနေပါသည်။ သူ၏တည်ငြိမ်အေးဆေးသည့်ဗီဇ ကိုသူ ၏သနားကြင်နာ တတ်သောစိတ်ထားကပြသနေပါသည်။ သူ၏ အပြောနှင့်အပြုအမူတိုင်း၌ဧ၀ံဂေလိတရားကိုထွန်းလင်းစေသော အခွင်အရေးအဖြစ်အမြဲအသုံးချလေ့ရှိ သည်။ တစ်နေ့ တာအတွင်း ၌ဒေါမိနစ်ကဲ့သို့ သူ၏ညီတော်၊ နောင်တော်များ အပေါ်လှိုက်လှဲပျူ ဌာ ရင်းနှီးမူပြသနိုင်သူမရှိပေ။ တစ်ညလုံးမအိပ်ဘဲစောင့် ဆိုင်းသောည များတွင်လည်းသူ့ လောက်ဇွဲကြီးသူမရှိ။ သူ၏စကားစမြည်ပြော သည့် အကြောင်းအရာသည်ဘုရားသခင်နှင့်စကားပြောခြင်း (သို့ ) ဘုရား သခင်အကြောင်းပြောခြင်းသာဖြစ်သည်။ အခြားသော အကြောင်းအရာ များကိုပြောလေ့ပြောထရှိခဲ့ပါ သည်။ သူ၏ရောင်းရင်းများ အားလည်းထို သို့ ကျင့်ကြံရန်အားပေးတိုက်တွန်းလေ့ရှိသည်။
ဘုရားသခင်ထံ၎င်းအတွက်တောင်းလျှောက်သောဆုမှာလူသား
များ၏ကယ်တင်ခြင်းအတွက်ကရုဏာ ရေးကိုအကျိုးရှိ ထိရောက်စွာ လုပ်ဆောင်နိုင်သူဖြစ်စေရန်၊ ယေဇူးသခင်သည် သူ၏အသက် ကိုလူ သားများ၏ကယ်တင် ခြင်းသက်သက်အတွက်အသက်စွန်းခဲ့ သည်ကို အမြဲထောက်ရူ့လေ့ရှိသည်။ ၀ိညာဉ်များကိုကယ်တင်ခြင်းသို့ ရောက် အောင်ပို့ ဆောင်နိုင်မှသာလျှင်ခ ရစ်တော်၏တင်းပြည့်ကျပ်ပြည့်အဖွဲ့ ဝင်ဟုသတ်မှတ်ပါသည်။ သူ၏ခံယူချက် ကိုဖော် ဆောင်ရန်အ တွက် သူသည်တရားဟောကြားသောအသင်းတစ်သင်းကိုတည်ထောင်ခဲ့သည်။ ထိုအသင်းကို “Order of Friars Preachers” (တ ရားဟေြာေ ပာသောသူတို့ ) ဟုအမည့်ပေးထားပါသည်။
သူသည်သူ၏ဘ၀တူရသေ့များအားဓမ္မဟောင်း၊ ဓမ္မသစ်သမ္မာ ကျမ်းစာကိုထုံးလိုမွှေ၊ ရေလိုနောက်၊ နံ့  စပ်အောင်လေ့ လာရန်စာရေး သား၍ လည်းကောင်း၊ ဆုံးမသြ၀ါဒပေးရာတွင်လည်းကောင်းအမြဲတိုက် တွန်းလေ့ရှိ သည်။ သူသည်သွားလေရာရာ၌ရှင်မာတေဦး၏ဧ၀ံဂေလိ ကျမ်းစာနှင့်စိန်ေ ပါလ်၏သြ၀ါဒစာများကိုအမြဲဆောင်ထားလေ့ရှိသည်။ ထိုမျှလေ့လာသောကြောင့်သူသည်အဆိုပါကျမ်းစာများကိုအလွှတ်နီးပါးမှတ်မိနေပြီဖြစ်သည်။
သူသည်ဆရာတော်ဖြစ်ရန်အကြိမ်ကြိမ်ရွေးချယ်ခံခဲ့ရသော်လည်း
သူသည်အမြဲငြင်းဆိုခဲ့သည်။ သူ့ အ နေဖြင့် ဆရာတော်တစ်ပါး အနေဖြ င့်မ ဟုတ်၊ နိမ့်ချရိုးရှင်းစွာသူ၏ညီတော်၊ နောင်တော် များနှင့်နေရခြင်း ကိုပိုမိုနှစ် သက် သူဖြစ်သည်။ သူ၏ဘတစ်လျှောက်လုံး၌ငယ်ဖြူဘ၀ ကို လုံးဝအစွန်း မ ခံအောင်ကျင့်ကြံရှောင်ကျဉ်နေခဲ့သည်။ သူသည် အပြစ်ဒ ဏ် ဆပ်ဖြေရန် အ တွက်ရည်ရွယ်၍၊ တစ်ပါးသူမှသူ့ အားရိုက် ပုတ် ကန်ကျောက်ခြင်း၊ သူ၏အ သားများကိုအပိုင်းပိုင်းခုတ်ဖြတ်ခြင်း (တ ရားတော်အတွက်အ သက်စတေး လိုခြင်း)၊ ယုံကြည်ခြင်းအတွက်အ သက်စွန့် ရန်ဆန္ဒပြင်းပြလွန်း သူဖြစ်သည်။ ရဟန်းမင်းကြီးဂရေဂေါ်ရီ (၉) က “ကျွန်ုပ်သည်သူ့ ကိုလူကိုယ်တိုင်သိသည်။ သူသည်တမန်တော် တို့  ကျင့်ကြံအားထုတ်ခဲ့သောလမ်းစဉ်ကိုဦးလည်မ သုန်ဆောင်ရွက် သူဖြစ်သည်။ ကောင်းကင်ဆုကိုစံစားနေရမည်မှာမလွှဲ ဧကန်ဖြစ်သည်” ဟုမိန့် ကြားခဲ့သည်။
Credit Cle Pike
No comments:
Post a Comment