နေ့စဉ်ညဦးယံ၌
ဆိုအပ်သောမေတ္တာများ
၁။
ကရူးစူးအမှတ်။
၂။ ကိုးကွယ်ခြင်းမေတ္တာ
အို
... ဘုရားမြတ်စွာဘုရားသခင်၊ စိတ်နှလုံကြွင်းမဲ့ ကိုယ်တော်ကိုချစ်မြတ်နိုး၍ ရိုသေစွာကိုးကွယ်ပါသည်။
အကျွန်ုပ်ကိုဖန်ဆင်း၍ ဘာသာတူခရစ္ဆတီအန်ဖြစ်စေသောကျေးဇူးတော်နှင့်
ဤနေ့၌ ကိုယ်နှင့် အသက်နှင့်တကွ၊ ထားတော်မူသောကျေးဇူးတော်ကိုအဘယ်သို့ ဆပ်တင်နိုင်ပါမည်နည်း။
ဤနေ့၌ ကျင့်ဆောင်ခဲ့သောကောင်းမှုဟူသမျှကိုကိုယ်တော်အားတင်ပူဇော်ပါ၏။ ဘေးရန်မကောင်းမူမှ
လွတ်ကင်းစေတော်မူပါမည့်အကြောင်း၊ ညွတ်တွားစွာအကျွန်ုပ် တောင်းလျှောက်ပါသည်။
၃။ ကျေးဇူးဆပ်တင်ခြင်းမေတ္တာ
အို ... ဘုရားသခင်၊ ကျွန်ုပ်အားဤနေ့ရက်တွင်
ဘေးရန်အပေါင်းတို့မှ ကွယ်ကာစောင့်ရှောက်ခြင်းအတွက်လည်းကောင်း၊ ကိုယ်တော်၏ အထံတော်မှ
ရရှိခဲ့သောကောင်းကြီးမင်္ဂလာကျေးဇူးအဖြာဖြာတို့အတွက်လည်းကောင်း ကျွန်ုပ်သည် ကိုယ်တော်ကိုကျေးဇူးတင်ပါသည်။
ကျွန်ုပ်မှားယွင်း ကျူးလွန်မိသောအပြစ်တို့၏ အခွင့်လွှတ်ခြင်းကိုလည်း ကျွန်ုပ်သည် ညွတ်တွားစွာအသနားတော်မြတ်ခံပါသည်။
နက်ဖြန်နေ့၌ သာ၍ကောင်းမွန်စွာ ပြုကျင့်နိုင်အောင် ကိုယ်တော်၏ သန့်ရှင်းသောကျေးဇူးတော်ကိုထပ်လောင်း၍
ကျွန်ုပ်အားပေးသနားတော်မူပါ။
၎။ အပြစ်တို့ကိုလျှောက်ရသောမေတ္တာ
အကျွန်ုပ်သည်
စိတ်၊ နှုတ် အကျင့်တို့ဖြင့် အကြိမ်များစွာ ကျူးလွန်၍ အပြစ်သို့ရောက်မိကြောင်းကိုအနန္တတန်ခိုးတော်နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရားသခင် အစဉ်သီလနှင့် ပြည့်စုံတော်မူသောကညာမာရီးယားမွန်မြတ်သောသိကြားမင်းမီကာအဲလ်၊
မွန်မြတ်သောဇွင်ဗတ္တိစတား၊ တပည့်တော်ကြီးသံပေတရူး၊ သံပေါလူးနှင့် ရဟန္တာအပေါင်းတို့အား
ကျွန်ုပ်လျှောက်ပါသည်။ (ရင်ဘတ်ကိုပုတ်လျက်) ကျွန်ုပ်အပြစ်၊ ကျွန်ုပ်အပြစ်၊ ကျွန်ုပ်အပြစ်
ကြီးလှသည်ဖြစ်၍ အစဉ်သီလနှင့် ပြည့်စုံတော်မူသောကညာမာရီးယား၊ မွန်မြတ်သောသိကြားမင်းမီကာအဲလ်၊
မွန်မြတ်သောဇွင်ဗတ္တိစတား၊ တပည့်တော်ကြီးသံပေတရူး၊ သံပေါလူးနှင့် ရဟန္တာအပေါင်းတို့အား
ကျွန်ုပ်အဖို့ ဘုရားသခင်ထံဆုတောင်းပေးပါမည့်အကြောင်း ကျွန်ုပ် တောင်းလျှောက်ပါသည်။
၅။ မိမိအပြစ် သိအောင်လျှောက်ခြင်းမေတ္တာ
အလင်းတော်၏
မူလအရင်းဖြစ်တော်မူသောသန့်ရှင်းသောဝိညာဉ်တော်၊ အပြစ်ငရဲ၏ ဆိုးညစ်သောအဖြစ်သရုပ်ကို ကျွန်ုပ်မျက်မှောက်မှ
ဖုံးလွှမ်းကွယ်သောအမှောင်အကာကိုဖယ်တော်မူပါ။ အပြစ်မကောင်းမှု ဟူသမျှကိုရွံရှာပစ်ပယ် ကြောက်လန့်သောသဘောကို
ကျွန်ုပ်၌ ဖန်ဆင်းတော်မူပါ။
(ယနေ့တွင်
မည်သည့်အပြစ်အမှားများသို့ ရောက်မိသည်ကိုသိအောင် သတိဝီရိယနှင့်တကွ စဉ်းစားဆင်ခြင်၍
ဘုရားသခင်ကိုလည်းကောင်း၊ သူတပါးကိုလည်းကောင်း၊ ကိုယ်ရှင်ကိုလည်းကောင်းအကြံအစည်၊ အပြောအဆို၊
အကျင့်အမူအားဖြင့် အဘယ်သို့ ထိခိုက်ပြစ်မှားသည်ကိုခေတ္တဆိုင်း၍ အောက်မေ့လော့။)
၆။ နာကျင်ခြင်းမေတ္တာ
အတုမရှိကောင်းမြတ်တော်မူလှသော၊ အရာခပ်သိမ်းတို့ထက်
ချစ်ခင်ထိုက်သော၊ အပြစ်ဟူသမျှကိုလည်းမုန်းတော်မူထသော၊ ဘုရားရှင်ကို ကျွန်ုပ်ပြစ်မှား
ကျူးလွန်မိပါသောကြောင့် ပြင်းစွာသောနာကျင်ခြင်းရှိပါသည်။ နောက်နောင် ကိုယ်တော်၏ စောင်မတော်မူခြင်းကိုအမှီပြု၍
အပြစ်ဟူသမျှနှင့် အပြစ်သို့ ပို့သောလမ်းများကိုလည်းသေသည့်တိုင်အောင် ကြဉ်ရှောင်၊့ စ်ပယ်ပါမည့်အကြောင်း
မြဲမြံစွာ ကျွန်ုပ်ဝန်ခံပါသည်။
၇။ သနားခြင်း၏ မယ်တော်
သနားခြင်း၏
မယ်တော် ဖြစ်ထသော ငြိမ်ဝပ်သာယာစွာအသက်ရှင်ခြင်းချမ်းသာကိုပေးတတ်သော ကျွန်ုပ်တို့တောင့်တ
မျှော်လင့်ရာလည်း ဖြစ်သော၊ သခင်မမင်္ဂလာရှိစေသတည်း။ ဆင်းရဲရာဌာန၌ ရှိနေကြသော ကျွန်ုပ်တို့
ဧဝသားစုတို့သည် သခင်မထံသို့ ကြေွးကြော်တောင်းလျှောက်ပါသည်။ ဤမျက်ရည်ယိုရာအရပ်ကညည်းတွားငိုကြွေးခြင်းနှင့်
သခင်မနောက်တော်သို့ ကျွန်ုပ်တို့ ဆုပန်တောင်းကြပါသည်။ ကျွန်ုပ်တို့၏ ရှေ့နေရှေ့ရပ်ဖြစ်သောသခင်မ၊
သနားတတ်သောမျက်စိတော်ကို ကျွန်ုပ်တို့ဆီသို့ လှည့်လည်တော်မူပါ။ ကြင်နာသနားခြင်း၊ ချစ်ခင်စုံမက်ခြင်း၊
သိမ်မွေ့နူညံ့ခြင်းသီလနှင့် ပြည့်စုံတော်မူသောအို... ကညာမာရီယား၊ ဤဆင်းရဲရာဌာနမှ လွတ်မြောက်သောအခါ
သခင်မ၏ ဝမ်းခေါင်းတော်၌ စွဲနေတော်မူပြီးသောအထူးအလွန်မွန်မြတ်တော်မူလှသောသားတော်ယေဇူးကို
ကျွန်ုပ်တို့အားပြတော်မူပါ။
၉။ ရွှေလက်တော်၌ ကိုယ်စိတ်နှစ်ပါးကိုအပ်လိုက်ခြင်းမေတ္တာ
ကျွန်ုပ်တို့၏
ဘုရားသခင်၊ အကျွန်ုပ်သေရမည့် အကြောင်းကိုအမှန်သိပါသည်။ သေခြင်းအချိန်ကိုကားအကျွန်ုပ်မရိပ်မိနိုင်ပါ။
သို့ရာတွင် အကျွန်ုပ်မအိပ်ခင် ကိုယ်စိတ်နှစ်ပါးတို့ကိုရွှေလက်တော်၌ အပ်လိုက်ပါသည်။ အလိုတော်ရှိ၍
ချိန်းချက်တော်မူသည့်အချိန်၌ အသက်ဆုံးခြင်းကိုခံချင်ပါသည်။ ထိုကြောက်မက်ဖွယ်သောအချိန်ပေါ်လာသောအခါ
သခင်ယေဇူး၏ မျက်နှာတော်ကိုထောက်တော်မူ၍ အပြစ်များကိုချမ်းသာပေးသနားတော်မူပါ။
၁ဝ။ ကိုယ်စောင့်သိကြားအား ပြုအပ်သည့်
မေတ္တာ
ဘုရားရှင်ကအမိန့်တော်ရှိ၍
ကျွန်ုပ်ကိုစောင့်သောသိကြား၊ ကျွန်ုပ်အားနေ့ညမပြတ် ဆုံးမသွန်သင်ကြည့်ရှုစောင်မတော်မူပါ။
အာမင်။
ယေဇူး၊ မာရီယား၊ ဇူဇယ်
ယေဇူး၊ မာရီယား၊ ဇူဇယ်
အရှင်မြတ်တို့အား ကျွန်ုပ်၏နှလုံးနှင့် အသက်၊ ဝိညာဉ်ကို ကျွန်ုပ်အပ်နှံ ပူဇော်ပါ၏။
ယေဇူး၊ မာရီယား၊ ဇူဇယ်
ကျွန်ုပ်အသက်ထွက်ခါနီးသောအခါ ကျွန်ုပ်ကို ကြည့်ရှုစောင်မတော်မူကြပါ။
ယေဇူး၊ မာရီယား၊ ဇူဇယ်
အရှင်သူမြတ်တို့၏ အပေါင်းအသင်း၌ ငြိမ်သက်ခြင်းနှင့် သေရပါစေသော်။
မိုးသောက် မွန်းတည့် ညဉ့်ဦးယံတို့၌
နေ့စဉ် သုံးကြိမ် သုံးခါ ဆိုအပ်သောမေတ္တာ
မ။ ။ ဘုရားသခင်ကစေလွှတ်တော်မူသောသိကြားမင်းသည် မာရီးယားအားအမိန့်တော်ကို
ပြန်တော်မူပြီ။
ဖ။ ။ သခင်မသည်လည်းသန့်ရှင်းသောဝိညာဉ်တော်အားဖြင့်
ပဋိသန္ဓေစွဲတော်မူပြီ။
ဂုဏ်ကျေးဇူးတော်နှင့် ပြည့်စုံတော်မူသောမာရီယားသခင်မအားမင်္ဂလာဖြစ်စေသတည်း။
ဘုရားသခင်သည် သခင်မ၌ ကိန်းဝပ်တော်မူ၍ မိန်းမတကာတို့တွင် သခင်မသည် မွန်မြတ်တော်မူပေသည်။
သခင်မ၏ ဝမ်းတော်၌ ပဋိသန္ဓေ ယူတော်မူသောယေဇူးသည်လည်းမွန်မြတ်တော်မူသည်။
မြတ်စွာဘုရား၏ မယ်တော် သန့်ရှင်းသောမာရီယားယခုမှစ၍
သေခါနီးတွင် အပြစ်ရှိသူ ကျွန်ုပ်တို့အဖို့ဌာဆုတောင်းပေးတော်မူပါ။ အာမင်။
မ။ ။ အကျွန်ုပ်ကားဘုရားသခင်၏ ကျွန်မတည်း။
ဖ။ ။ ကျွန်မ၌ အမိန့်တော်အတိုင်း ဖြစ်ပါစေသော်။
(အာဝေမာရီးယား)
မ။ ။ နှုတ်ကပတ်တော်သည်လည်းလူပကတိအဖြစ်ကိုယူတော်မူပြီ။
ဖ။ ။ အကျွန်ုပ်တို့တွင်လည်းထင်ရှားစွာအာရုံခံ၍
နေတော်မူပြီ။
(အာဝေမာရီးယား)
မ။ ။ ဘုရား၏ သန့်ရှင်းသောမယ်တော် ကျွန်ုပ်တို့အဖို့ဌာဆုတောင်းတော်မူပါ။
ဖ။ ။ အကျွန်ုပ်တို့သည်လည်းခရစ္စတူးသခင်၏ ကတိတော်အတိုင်းခံထိုက်ကြပါလိမ့်မည်။
ဆုတောင်းကြစို့
အို
...ဘုရားသခင် သိကြားကအမိန့်တော်ပြန်၍ သားတော်မြတ် သခင်ယေဇူးသည် လူပကတိအဖြစ်ကိုယူဆောင်တော်မူပြီးသောဝမ်းမြေက်ရာသတင်းကို
ကြားသိရသောအကျွန်ုပ်တို့သည် ကိုယ်တော်၏ ဒုက္ခစရိယာမှစ၍ ကရူးစူး၌ အသေခံတော်မူခြင်း၊ တန်ခိုးတော်အားဖြင့်
ရှင်ပြန်ထမြောက်တော်မူခြင်း၏ ဂုဏ်ကျေးဇူးတော်သို့ ရောက်ထိုက်အောင် ကျွန်ုပ်တို့၏စိတ်ထဲ၌
ကျေးဇူးတော်ကိုသွင်းတော်မူပါမည့်အကြောင်းသခင်ယေဇူးကိုအမှီပြု၍ တောင်းလျှောက်ပါသည်။
အာမင်။
သင့်တော်ရာ သီချင်းတစ်ပုဒ် သီဆိုရန်။
No comments:
Post a Comment