အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Thursday, August 4, 2016

ဓါတ်ပုံပြင်ချင်လို



ဓါတ်ပုံပြင်ချင်လို့၊ စမ်းချင်တယ် Designers များ၊ wallpaper design အကြည်လိုချင်တဲ့သူများ .. အောက်ကဆိုက်မှာ သွားယူလိုက်ကြပါ .. လုံးဝ Background HD ဒီဇိုင်းသီးသန့် အကြည်များသက်သက်ကိုသာ တင်ပေးထားသည့် ဆိုက်ဖြစ်ပါတယ် ...

နေ့စဉ်ညဦးယံ၌ ဆိုအပ်သောမေတ္တာများ



နေ့စဉ်ညဦးယံ၌ ဆိုအပ်သောမေတ္တာများ
၁။ ကရူးစူးအမှတ်။
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ နာမတော်မြတ်၌။ အာမင်။


၂။ ကိုးကွယ်ခြင်းမေတ္တာ
အို ... ဘုရားမြတ်စွာဘုရားသခင်၊ စိတ်နှလုံကြွင်းမဲ့ ကိုယ်တော်ကိုချစ်မြတ်နိုး၍ ရိုသေစွာကိုးကွယ်ပါသည်။ အကျွန်ုပ်ကိုဖန်ဆင်း၍  ဘာသာတူခရစ္ဆတီအန်ဖြစ်စေသောကျေးဇူးတော်နှင့် ဤနေ့၌ ကိုယ်နှင့် အသက်နှင့်တကွ၊ ထားတော်မူသောကျေးဇူးတော်ကိုအဘယ်သို့ ဆပ်တင်နိုင်ပါမည်နည်း။ ဤနေ့၌ ကျင့်ဆောင်ခဲ့သောကောင်းမှုဟူသမျှကိုကိုယ်တော်အားတင်ပူဇော်ပါ၏။ ဘေးရန်မကောင်းမူမှ လွတ်ကင်းစေတော်မူပါမည့်အကြောင်း၊ ညွတ်တွားစွာအကျွန်ုပ် တောင်းလျှောက်ပါသည်။