အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Saturday, January 23, 2016

သန့်ရှင်းသော ဝိညာဉ်တော်မြတ်ဘုရားထံ ဆုတောင်းမေတ္တာ

သန့်ရှင်းသော ဝိညာဉ်တော်မြတ်ဘုရားထံ ဆုတောင်းမေတ္တာ

             သန့်ရှင်းသောဝိညာဉ်တော်မြတ်ဘုရားကြွလာတော်မူ၍ တပည့်တော်တို့၏ နှလုံးကို  ကိုယ်တော်၏ ကျေးဇူးတော်များဖြင့် ပြည့်ဝစေတော်မူပါ။
             တပည့်တော်တို့၏ အသင်းဂိုဏ်းဦးတည်ချက်များ အတွက်သာမက ဘဝအသက်တာတွင် ထမ်းဆောင်ရမည့် ဝတ္တရားများကို သတိဝိရိယနှင့် ထမ်းဆောင်နိုင်ရန် သော်လည်း ကောင်း၊ မှန်ကန်စွာနှင့်တရားမျှတစွာ ပြုမူနေထိုင် ရန်သော်လည်းကောင်း၊ ဤယနေ့တပည့်တော်တို့၏ အားနည်းချက်များကို ထိုးဖောက်လျက် ကိုယ်တော်၏ ခွန်အားဖြင့် အစားထိုးပြည့်ဝစေတော်မူပါ။
မည်သူတစ်ဦး တစ်ယောက်ကိုမျှ မထိခိုက်၊ မနစ် နာစေသော ချစ်ခြင်းမေတ္တာကို ပေးသနားတော်မူလျက် တပည့်တော်ကို ပြစ်မှားသောသူတို့အား ကြည်ဖြူစွာ ခွင့်လွှတ်နိုင်သော ရက်ရောမှုကိုလည်း တပည့်တော်၌ ဖြစ်စေတော်မူပါ။ ဘဝအခက်အခဲအားလုံးတွင် တပည့်တော်ကိုကူညီ စောင်မ တော်မူပါ။ တပည့်တော်၏ နားမလည်မှုတွင် အလင်း ပေးတော်မူပါ။ သံသယဒွိဟဖြစ်သောအခါ အကြံပေးတော်မူပါ။ အားနည်းချက်များနှင့် အခက်အခဲများတွင် ကူညီတော်မူပါ။
စုံစမ်းနှောင့်ယှက်ခြင်းများမှ ကာကွယ်စောင့်ရှောက်တော်မူပါ။ ကြေကွဲ၊ အားငယ်သောအခါ နှစ်သိမ့်တော်မူပါ။
အိုသန့်ရှင်းသောဝိညာဉ်တော်မြတ်ဘုရား တပည့်တော် ၏ဆုတောင်းသံကို နားညောင်းတော်မူ၍ ကိုယ်တော်၏ အလင်းကျေးဇူးတော်ကို တပည့်တော်၏နှလုံး၊ တပည့်တော်၏ ဝိညာဉ်နှင့် တပည့်တော်၏ စိတ်တို့၌ ထွန်းလင်းတောက်ပ စေတော်မူပါ။
သန့်ရှင်းမွန်မြတ်စွာ အသက်ရှင်နေထိုင်နိုင်ရန်နှင့် ကျေးဇူးတော်၌သော်လည်းကောင်းကောင်းမြတ်ခြင်း၌ လည်းကောင်း တိုးတက်နိုင်ရန် ကူညီစောင်မတော်မူပါ။
အာမင်။ ။


No comments:

Post a Comment