အသိပေးကျေးဇူးတင်လွှာ

ဘ၀ရဲ့မီးအိမ် မြန်မာကက်သလစ်ဘလော့(ခ်)လေးသို့ လာရောက်အလည်ပတ်သူများအားလုံးကို ရှေးဦးစွာ ကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ ယခုကဲ့သို့သော မြန်မာကက်သလစ်ဘလော့(ခ်)ကို တင်နိုင်ခွင့် ပေးသနားတော်မူသော ပုဂ္ဂိုလ်သုံးပါး၊ တစ်ဆူတည်းသော ခရစ်တော်ဘုရားရှင်အား ဦးစွာ ကျေးဇူးတင်ပါသည်။ ယခု ဘလော့(ခ်) တွင် တင်ထားသမျှသော ပို့(စ်)များဖြစ်စေ၊ ပုံများဖြစ်စေ၊ အားလုံး အားလုံးသော စာသားများသည် ကျွန်တော် ကိုယ်တိုင် ရေးသားထားသော၊ ဘာသာပြန်ထားသော စာသားများ ပါဝင်သည်သာမကပဲ၊ ဖေ့(စ်)ဘွတ် ပေါ်မှာ ဖြစ်စေ၊ တခြားသော ၀က်ဆိုက်(ဒ်)များမှ ဖြစ်စေ သိသင့်၊ သိထိုက်သည့် အကြောင်းအရာများကို ကူးယူ၊ ကိုးကား၊ တင်ပြထားခြင်းသာဖြစ်ပါသည်။ ဆက်လက်ပြီးတော့လည်း အကြံပေးခြင်း၊ လမ်းညွှန်မှုပေးခြင်းများကို မည်သူမဆို လွတ်လွတ်လပ်လပ် အကြံပြုချက်ပ်ါတွင် ရေးသားနိုင်ပါကြောင်းလည်း အထူးသတင်းကောင်းပါးအပ်ပါသည်။ အယောက်စီတိုင်း ဘုရားရှင်၏ မခန်းခြှောက်နိုင်သော၊ မကုန်ဆုံးနိုင်သော ကောင်းကြီးမင်္ဂလာ၊ ကျေးဇူးတော်များကို ခံစားနိုင်စေပါမည့် အကြောင်း ဆုမွန်ကောင်းတောင်းလျက်…….. The Lamp of the Life!

Thursday, November 26, 2020

#ကက်သလစ်အသင်းတော်ရှုထောင့်မှသေခြင်းတရားအကြောင်း

ကျွန်ုပ်တို့သည် အမိ၀မ်းထဲတွင် (၉)လတာမျှ ရှိနေခြင်းသည် လောက ကြီးထဲ ရောက်လာရန် ပြင်ဆင်နေခြင်းဖြစ်သလို လောကကြီးထဲ ရောက်လာ ကြသည့် လူတိုင်းသည် ကောင်းကင်နိုင်ငံတော်အတွက် ပြင်ဆင်နေကြရမည်။ သို့ဖြစ်၍ကောင်းကင်နိုင်ငံသွားရန် သေခြင်းကို ခံကြရမည်။ ထိုသေခြင်းသည် ကောင်းကင်သွားရာ တံခါး၀ပင်ဖြစ်သည်။ 
 လူတစ်ဦးတွင် ခန္ဓာနှင့်ဝိညာဉ်ကို ခွဲခြားထား၍မရပေ။ လူသားခန္ဓာ ကိုယ်သည် ဝိညာဉ်နှင့် ကွဲကွာသွားရခြင်းကို သေခြင်းဟုတစ်ချို့ကအသိမှတ်ပြုကြ သည်။ သေခြင်းပြီးနောက် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သည် ပျက်စီး၊ပျောက်ကွယ် သွားလိမ့်မည်။ ထို့အပြင် လူတစ်ဦးသည် ခန္ဓာရှင်နေသော်လည်း သူ့ဝိညာဉ်သည် သေနေနိုင်သည်။ 

 ဝိညာဉ်သေခြင်းဆိုသည်မှာ လူ့ဝိညာဉ်သည် ဘုရားသခင်နှင့် ဝေးကွာ နေသောအခြေအနေဖြစ်သည်။ လူတစ်ဦးသည် ဝိညာဉ်ရှင်သန်ဖို့မကြိုးစားလျှင် ခန္ဓာသေပြီးသော် သူတို့သည် ဘုရားသခင်နှင့် ထာ၀ရကွဲကွာသွားရလိမ့်မည်။   
 ခန္ဓာကိုယ်သေဆုံးခြင်းသည် သဘာ၀တရားဖြစ်သော်လည်း ကျမ်းစာ တော်မြတ်တွင် သံပေါလူးက "အပြစ်၏ အဖိုးအခသည်ကား သေခြင်းပင်ဖြစ်၏" ဟုဆိုထားပါသည် (ရောမ ၆း၂၃)။ တနည်းအားဖြင့် သေခြင်းတရားဆိုသည်မှာ ကျွန်ုပ်တို့အားလုံး ပြန်ပေးဆပ်ရမည့် အကြွေးရှင်နှင့်တူနေသည်။ လူသည် သဘာ၀အားဖြင့် သေခြင်းနှင့်ကြုံတွေ့ရမည်ဖြစ်သော်လည်း သေပြီးလျှင်ဘာဖြစ်မည်၊ ဘယ်သွားရမည်ကို မသိကြပေ။တချို့သွန်သင်ချက်များ၌ လူသည် သေဆုံးပြီးနောက် တစ်ဘ၀မှ အခြား ဘ၀သို့ သံသရာလည်နေသေးကြောင်း၊ ခန္ဓာသေပြီးသော်လည်း သူ၏ဝိညာဉ် သည် တစ်ဦးပြီးတစ်ဦးဆီသို့ သွားရောက်နေသည်ဟု သွန်သင်ကြသည်။ သေခြင်း တရားသည် အခြေအနေတစ်ခုမှ တစ်ခုသို့ပြောင်းလဲသွားခြင်း ဖြစ်သော်လည်း အသင်းတော်၏သွန်သင်ချက်တွင် အသက်ရှင်ခြင်း၊သေခြင်းသည် တစ်ကြိမ် တည်းသာကြုံတွေ့ရမည်ဖြစ်ပြီး သေခြင်းပြီးနောက် တရားစီရင်ခြင်းနှင့် နောက်ဆုံးပန်းတိုင်ရှိ၏ဟူ၍ဖြစ်သည်။ "လူသည်ကား တစ်ကြိမ်တည်းသာသေပြီးနောက် တရားစီရင်တော်မူခြင်းကို ခံရမည်"(ဟေဗြဲ ၉း၂၇)ဟု သံပေါလူးကဆိုထား ပါသည်။ ကျွန်တော်တို့၏ သေခြင်းသည် ငရဲငယ်၊ ကောင်းကင်နှင့် ငရဲကြီးသို့ ဦးတည်နေသည်။ လူတစ်ယောက်သည် အခွန်ငွေကြေးမပေးဘဲနေ၍ ရကောင်း ရမည် သေခြင်းတရားအား မည်သူမျှရှောင်လွဲ၍မရပေ။ 

 သေခြင်းသည် အပြစ်ပြုလုပ်ခြင်းဖြင့် ဆက်နွယ်မှုရှိနေသည်ဟု သိထား ကြသည်။ ကမ္ဘာဦးကျမ်းတွင် အာဒံ၏ အပြစ်အကျိုးဆက်ကြောင့်သာမက ယခုလက်ရှိ ကိုယ်တိုင်ပြုလုပ်သောအပြစ်ကြောင့် သေခြင်းကိုခံကြရသည်ဟု တနည်းအားဖြင့် မှတ်ယူနိုင်သည်။ 
 ကမ္ဘာဦးကျမ်း ၂း၁၇ တွင် "ထိုအပင်၏ အသီးကိုကားမစားရ၊ စားသော နေ့တွင် ဧကန်အမှန်သေရမည်" အာဒံသည် မစားရဟုပညတ်ထားသောအသီးကို စားခြင်းဖြင့်ဘုရားသခင်၏ပညတ်တော်ကိုမနာခံခဲ့ပေ။ သူသည်ထာ၀ရကတည်ရှိ သောဘုရားသခင်နှင့်တူချင်သောကြောင့်ဖြစ်သည်။ အာဒံသည် အပြစ်လုပ်ပြီး သေခြင်းကိုရှောင်ရှားလိုခဲ့သည်။ ထိုအချိန်မှစ၍ပထမလူသားများသည် အသက် ၏အသီးကိုစားခြင်းဖြင့် ခန္ဓာသေခြင်းအဖြစ်အခြေအနေသို့ ရောက်ရှိသွားခဲ့ သည်။ ထို့ကြောင့် သေခြင်းတရားသည် လူသားအပြစ်နှင့် ဘုရားကိုမနာခံခြင်း ကြောင့်ဖြစ်ပေါ်လာသည်။ တနည်းအားဖြင့် အပြစ်လုပ်ခြင်းအကြောင်းနှင့် အကျိုးတရားကြောင့်ဖြစ်ပေါ်လာခဲ့သည်။ အပြစ်မတိုင်မီသေခြင်းရောက်လာ သည်မဟုတ် အပြစ်လုပ်ပြီးမှသေခြင်းသည်ရောက်လာခဲ့သည်။ (ကမ္ဘာဦး-၃း ၁-၇)။ ငှင်းအပြင် အပြစ်ထဲကျရောက်သွားခဲ့ရသော အကျိုးရလဒ်ကြောင့် လူသား များသည် ဘုရားသခင်၏စီရင်ဆုံးဖြတ်ခြင်းကို သေခြင်းအားဖြင့်ခံကြရမည်။  လူသည် သဘာ၀အားဖြင့် အပြစ်ကြောင့် သေကြေပျက်စီးနိုင်သော် လည်း ဘုရားသခင်၏ မူလဖန်ဆင်းခြင်းတွင် သေခြင်းတရား မရှိခဲ့ပေ။ "အဘယ့် ကြောင့်ဆိုသော် ဘုရားသခင်သည် သေခြင်းတရားကို ဖန်ဆင်းသည်မဟုတ်။ အသက်ရှင်သော သူတို့၏ ပျက်စီးခြင်းတွင် ကိုယ်တော်သည် ဝမ်းမြောက်ပျော်ရွှင် တော်မမူချေ" (ပညာပါရမီ ၁း၃)။
 အပြစ်ရင်းကြောင့် လူသားမျိုးနွယ်အားလုံး သေခြင်းကိုခံကြရသော ကြောင့် ထိုအပြစ်ရင်းသည် လူသားအားလုံးနှင့်ဆိုင်ပြီး သေခြင်းသည် အပြစ် အတွက် အပြစ်ဒဏ်ပေးရခြင်းဖြစ်သည်။ ထို့ကြောင့် သေခြင်းသည် လူသား အားလုံးနှင့်ဆိုင်သည်။ "ထို့ကြောင့် မကောင်းမှုသည် တစ်ယောက်သောသူအား ဖြင့် ဤလောကအတွင်းသို့ ၀ငျရောကျလာခဲ့၍ ထိုမကောင်းမှုအားဖြင့် သေခြင်း တရား၀င်ရောက်လာခဲ့၏။ ဤသို့ဖြင့် လူအပေါင်းတို့သည် အပြစ်ကျူးလွန် ကြသောကြောင့် သေခြင်းသည် လူအပေါင်းတို့အပေါ်သို့သက်ရောက်လေ၏" (ရောမ ၅း၁၂)။
 ထို့ပြင် လူသားအားလုံးနှင့် ဆိုင်သည်ဟုဆိုသော သေခြင်းနှင့်ပတ်သက် ၍ ကောင်းမြတ်သောအရှင်သခင်နှင့် သူ၏အမိတို့ ဖြစ်ရပ်များသည် ထူးခြား ဆန်းကျယ်လှပေသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် အပြစ်ရင်းနှင့် ကင်းလွတ်ကြသူများဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏သေခြင်းသည် အပြစ်၏ အကျိုးဆက်ကြောင့် မဟုတ်သလို အပြစ်အတွက် အပြစ်ဒဏ်ပေးဆပ်ရခြင်းဟု သတ်မှတ်၍မရပေ။ 

 ထိုအရှင် ခရစ်တော်သည် အပျိုကညာမှ ဖွါးမြင်ခဲ့ပြီး သူ၏မိခင်သည် လည်း အပြစ်မဲ့သန္ဓေယူခဲ့သည်။ သူတို့သည် လူသားတစ်ဦးအနေဖြင့် သဘာ၀ တရားအရ သေခြင်းကိုခံခဲ့ကြသည်။ ကျန်သောလူသားများအတွက်မူ သေခြင်း သည် ရှောင်လွဲ၍မရသော အပြစ်ဒဏ်ဖြစ်သည်။ 
 သေခြင်းအားဖြင့် ဝိညာဉ်သည် ခန္ဓာကိုယ်နှင့် ကင်းကွာသွားခဲ့ရသော် လည်း ရှင်ပြန်ထမြောက်သောနေ့တွင် ဘုရားသခငျသညျကြှနျုပျတို့ခန်ဓာကိုယျအား မပျက်စီးနိုင်သော အသက်ကိုပေးလိမ့်မည်။ 
 ထို့ကြောင့် သေခြင်းနှင့်တွေ့ကြုံရသောလူသားတိုင်းသည် တစ်နေ့ သေခြင်းမှ ရှင်ပြန်ကြလိမ့်မည်ဖြစ်သော်လည်း ထိုသူတို့၏လုပ်ရပ်များကြောင့် စီရင်ဆုံးဖြတ်ခြင်းကိုခံကြရမည်။ "ကောင်းသောအကျင့်ကို ကျင့်ကြံသော သူတို့သည် အသက်ရှင်ခြင်းနှင့်ဆိုင်သော ထမြောက်ခြင်းသို့လည်းကောင်း၊ မကောင်းသောအကျင့်ကိုကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့်ဆိုင်သော ထမြောက်ခြင်းသို့လည်းကောင်းရောက်ကြလိမ့်မည်" (ယောဟန် ၅း၂၉)။
 ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်သည် ကျွန်ုပ်တို့နှင့် အမြဲရှိနေ သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း နောက်ဆုံးသောနေ့တွင် ရှင်ပြန် ထမြောက်ရလိမ့်မည်။ "ယေဇူးကလည်း သူမအားမိန့်တော်မူသည်ကား ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေပြီးသော်လည်း အသက်ရှင်လိမ့်မည်" (ယောဟန် ၁၁း၂၅)။  
 ခရစ်တော်၏ကျေးဇူးတော်နှင့် သေဆုံးသောသူသည် ခရစ်တော်၏ စစ်မှန်သော သေခြင်း၌ပါ၀င်ကြသူများဖြစ်ကြသလို ခရစ်တော်၏ရှင်ပြန် ထမြောက်ခြင်းကိုလည်း မျှဝေခံစားကြရမည်။ "ထို့ကြောင့် ငါတို့သည် ဆေးကြော ခြင်းအားဖြင့် ကိုယ်တော်နှင့်အတူ သေခြင်း၌သင်္ဂြိုဟ်ခြင်းကိုခံခဲ့ကြ၏။ ဤသို့ဖြင့် ခရစ်တော်သည် ခမည်းတော်၏ဘုန်းတန်ခိုးတော်အားဖြင့် သေခြင်းမှထမြောက် တော်မူခဲ့သည့်နည်းတူ ငါတို့သည်လည်း အသစ်သောအသက်တာ၌လျှောက် လှမ်းနိုင်ကြမည်ဖြစ်၏" (ရောမ ၆း၄)။ 
 ကျွန်ုပ်တို့ကယ်တင်ရှင် ယေဇူးသည်  သေခြင်း၏အဓိပ်ပါယ်သစ်၊ ဘ၀သစ် ကိုပေးခဲ့သည်။ ရဟန္တာဖရန်စစ်က "သေခြင်းတရားသည် ထာ၀ရ အသက်ကို မွေးဖွါးပေးခြင်းဖြစ်သည်" ဟုဆိုထားသည်။ ခရစ်ယာန်များယုံကြည်ကြသော ဘ၀ဆိုသည်မှာ ပြောင်းလဲခြင်း၊ အဆုံးသတ်ခြင်းမဟုတ်ပေ။ ဘ၀ရှိလျှင် သေခြင်းရှိနေဦးမည်။ ထိုသေခြင်း သည်ရှောင်လွဲ၍မရသော ကြောက်မက်ဖွယ်ရာ အဆုံးသတ်မဟုတ်၊ အားလုံးပြီးဆုံးသွားခြင်းလည်းမဟုတ်ပေ။  ထိုသေခြင်း၌ သာလျှင် ကိုယ်တော်ရှင် ကတိထားသည့် ထာ၀ရသုခချမ်းသာကိုရရှိနိုင်ကြမည်။ ကျွန်တော် တို့သိထားရမည်မှာ ခရစ်တော်သည် သူ၏နာခံခြင်းဖြင့် သေခြင်း၏ ဆိုးကျိုးကို ကျေးဇူးတော်တစ်ခုအနေသို့ပြောင်းလဲပေးခဲ့သည်။

 ကျွန်ုပ်တို့၏ လောကဆိုင်ရာနေအိမ်ဖြစ်သော ခန္ဓာကိုယ်သည် သေခြင်း နှင့်ကြုံတွေ့ရသောအခါ ကျွန်ုပ်တို့သည် ကောင်းကင်၌ ထာ၀ရအိမ်တော်မှ နေရာကိုရရှိကြလိမ့်မည်။ ထို့ကြောင့် သေခြင်းသည် လောကဆိုင်ရာ အဖြစ်အခြေအနေမှ ကောင်းကင်ဆိုင်ရာ အဖြစ်အခြေအနေသို့ ပြောင်းလဲသွား ခြင်းဖြစ်သည်။ 
 သူငယ်တော်လေး၏သံတာထရေဇားက "သေခြင်းဆိုသည်မှာ လူသား ဝိညာဉ်သည် အသက်ရှင်သောဘုရားအား တွေ့ဖို့သွားခြင်းဖြစ်သည်" ဟု ဆိုထားပါသည်။ 
 သေခြင်းတွင် ဘုရားသခင်သည် လူများအား သူ့ဆီသို့ ခေါ်နေခြင်း ဖြစ်ပြီး ခရစ်ယာန်များသည် ထိုအရာကိုသိ၍ သေရန်ဆန္ဒရှိလာနိုင်ကြသည်။ ဤလောကဘ၀အသက်တာ၏ ဒုက္ခများကိုကျော်လွန်၍ ပျော်ရွှင်သောပန်းတိုင် အတွက် ဘုရားသခင်သည် လူသားများကို ဖန်ဆင်းတော်မူခဲ့သည်။ ဘုရားသခင် သည် ပျက်စီးခြင်းအားလုံး ကျော်လွန်၍ ဘုရားအသက်တာတွင် ထာ၀ရမျှဝြေခင်းအားဖြင့် လူသားတစ်ရပ်လုံးအား သူနှင့်ပေါင်းစပ်ရန်ဖိတ်ခေါ်နေသည်။ 
 သေခြင်းသည် တစ်ခုတည်းသော ကောင်းကင်သွားရာ တံခါးဝြဖစ်ပြီး ထာ၀ရအိမ်တော်တွင် ကြှနျုပျတို့၏ အရှင်သခင်နှင့် အတူနေထိုင်ခြင်းဖြစ်သည်။ "ငါ၏အလိုဆန္ဒသည်ကား ဤနေရာမှ စွန့်ခွါ၍ ခရစ်တော်နှင့် အတူရှိရန်ဖြစ်၏။ အကြောင်းမူကား ထိုအရာသည် များစွာသာလွန်ကောင်းမွန်၏" (ဖိလိ ၁း၂၃)။
 အာဗီလာမြို့မှ စိန်ထရေဇားက "ကျွန်မသည် ဘုရားကိုတွေ့ချင်သည်။ ဘုရားကိုတွေ့ရန် ကျွန်မသေရဦးမည်" ဟုဆိုထားပါသည်။ 
 သေခြင်းသည် အားလုံးနှင့်ဆိုင်ပြီး သိခွင့်မရသေးသောဖြစ်ရပ်တစ်ခု ဖြစ်သည်။ ထိုအရာသည် နက်နဲဖွယ်ရာများကို ဖုံးကွယ်ထားသောကြောင့် လူအ များစုသည် သေခြင်းကို ကြောက်ကြသည်။ ထိုသေခြင်းအား စမ်းသပ်ခွင့်လည်း မရှိပေ။ ထိုသေခြင်းတွင် လူသားအားလုံး ပါ၀င်ကြရမည်။ ရှောင်ရှား၍မရသော၊ သေချာသောအရာသည် သေခြင်းပင်ဖြစ်သည်။ ထိုသေခြင်းကို မဖိတ်ခေါ်သော် လည်း၊ စောင့်မနေသော်လည်း သေခြင်းသည်သင့်ထံသို့ရောက်လာလိမ့်မည်။ 
 မည်သူမျှမသိရှိသေးသောသေခြင်းတွင် ကောင်းကြီးတော်များ ရရှိမည် ကိုလျစ်လျူပြီး မကောင်းဆိုးကျိုးများသာ ရရှိလိမ့်မည်ဟု ထင်ထားသောကြောင့် လူများသည် သေဖို့ရန်ကြောက်နေကြသည်။ 
 လူတစ်ယောက်သည် ဘုရားနှင့် ဆက်သွယ်ရသော အဆုံးသတ်အခွင့် အရေးသည် သေခြင်းဖြစ်သည်။ ခရစ်တော်သည် သေခြင်းမှရှင်ပြန်ထမြောက် ခဲ့သည့်နည်းတူ ကျွန်ုပ်တို့သည်လည်း တစ်နေ့ရှင်ပြန်ထမြောက်ကြလိမ့်မည်ဟု မျှော်လင့်ချက်ရှိကြသည်။ ထို့အတူ ခရစ်တော်က "ငါ့ကိုယုံကြည်သောသူသည် တစ်နေ့ရှင်ပြန်လိမ့်မည်" ဟု ကတိထားခဲ့သည်။ ထို့ကြောင့် သေခြင်းမှ ရှင်ခြင်းသို့ ရောက်ရှိဖို့ရန် ခရစ်တော်အား ယုံကြည်ခြင်းဖြင့် ကောင်းကင်၏တံခါးဝြဖစ်သော သေခြင်းမှ ကိုယ်တော်ကတိထားရာထာ၀ရအသက်ရှင်ခြင်း သုခချမ်းသာရရှိဖို့ အတူကြိုးစားကြပါစို့။
Refs:
=Catechism of the Catholic Church, 1006-1011
 =Josehp T.Kelley,"The four last things", NY,2006,Pp.10-30
=Jose Mario B.Mazimiano, "The spiritual man", Manila,Feb 15,1996,Pp.241-255.
=Corey Keating,"Death: A Theological Position Statement",2002.

Crd-Luke Tushan

ကက်သလစ်ခရစ်ယာန်များသည် ရဟန္တာများကို ကိုးကွယ်ကြပါသလား?

ဘုရားရှင်တစ်ပါးတည်းကိုသာ ရှိခိုးကိုးကွယ်ရမည့်အကြောင်းကို ပညတ်တော်(၁၀)ပါး၏ပထမဆုံးပညတ်က ဆိုထားသည်။ တောလည်ရာကျမ်းတွင် ဘုရားသခင်သည် "ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်၊ ဦးမချ၊ ဝတ်မပြုနှင့်"ဟူ၍ မိန့်ကြားခဲ့သည်။ (တော ၅း ၇၊၉) လူသားဖြစ်သောသူတော်စင်ကို မဆိုထားနှင့် ကောင်းကင်တမန်တော်တို့ကိုပင် ဘုရားကဲ့သို့ ရှိခိုးကိုးကွယ်ခြင်း မပြုထိုက်ပေ။ 
 ကက်သလစ်များအနေဖြင့်လည်း ဤအမှန်တရားကို လက်ခံကြသည်။ တစ်ချိန်တည်းမှာပင် ကျွနု်ပ်တို့သည် "ရိုသေထိုက်သူကို ရိုသေကြလော့။ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုကြလော့"(ရောမဩဝါဒ ၁၃း၇)ဟူသောကျမ်းစကားကိုလည်း လိုက်နာကြသည်။ ကျွနု်ပ်တို့ သည် ရဟန္တာများနှင့် ကောင်းကင်တမန်တော်တို့အား ရှိခိုးကိုးကွယ်ခြင်းမပြုသော်လည်း ချီးမွမ်းဂုဏ်ပြုခြင်းအမှုကိုမူ ပြုလုပ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် အထက်ပါကျမ်းစကားအရ သူတို့သည် ချီးမွမ်းဂုဏ်ပြုခံထိုက်၍ပင်ဖြစ်သည်။
 အဘယ့်ကြောင့် ထိုသူတို့သည် ချီးမွမ်းဂုဏ်ပြုခြင်းခံထိုက်သနည်း။ အကြောင်းမှာ သူတို့သည် ဘုရားသခင်၏မျက်မှောက်တော် တွင် ရပ်တည်လျက်ရှိနေကြပြီး ဘုရားသခင်နှင့်အတူ ပေါင်းစပ်လျက်ရှိနေကြသောကြောင့်ဖြစ်သည် (၁ ယော ၃း၂)။ ထိုသူတို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ကိုယ်တော်၏ပုံသဏ္ဌာန်တော်အတိုင်း တိုးတက်ပြောင်းလဲလာကြပြီး (၂ ကော ၃း၁၈) ကိုယ်တော်၏ဘုရားသခင်အဖြစ်တော်တွင် ပါဝင်ခံစားရသူများဖြစ်လာကြ၏ (၂ ပေ ၁း၄)။ ထို့ပြင် သူတို့သည် ဘုရားသခင်၏ သန့်ရှင်း စင်ကြယ်ခြင်း၌ ပါဝင်ခံစားပြီး(ဟေဗြေဦး ၁၂း၁၀)၊ ဘုရား သခင်၏ဘုန်းစည်းစိမ်တော်ကို စံစား၍ (ရောမ ၈း ၁၁-၁၇၊ ၁ ပေ ၅း၁)၊ ဘုရားသခင်၏ဉာဏ်ပညာတော်နှင့် စီရင်ဆုံးဖြတ်ပိုင်ခွင့်တို့ကိုလည်း မျှဝေခံစားကြရလေသည်။ (၁ ကော ၆း၂-၃၊ ၁၃း၁၂၊  ၂ တီ ၂း၁၂၊ ဗျာဒိတ် ၃း၂၁)
 ကျွနု်ပ်တို့သည် သူတော်စင်များကို ဂုဏ်ပြုချီးမွမ်းကြသောအခါ ဘုရားသခင်နှင့်သက်ဆိုင်သောဂုဏ်ပြုချီးမွမ်းခြင်းကို ကိုယ်တော် ရှင်အား မပေးရာရောက်သလော၊ မည်သို့မျှမရောက်နိုင်ပါ။ ထိုသူတို့သည် ဘုရားသခင်၏ပြီးပြည့်စုံသောလက်ရာတော်များဖြစ်သဖြင့်  (ဧဖက် ၂း၁၀) ထိုလက်ရာတော်ကို ချီးမွမ်းသောအခါ ပြောဆိုပြုမူသမျှသောဂုဏ်ပြုခြင်းတို့သည် ဖန်ဆင်းရှင် (သို့) လက်ရာတော် ပိုင်ရှင်ဆီသို့သာ ရောက်ရှိလေသည်။ အကယ်၍ ကောင်းကင်နှင့် မြေကြီးသည်ပင်လျှင် ကိုယ်တော်ရှင်၏ဘုန်းဂုဏ်တော်နှင့် လက်ရာတော်ကို ချီးမွမ်းဂုဏ်ပြုကြလျှင် (ဆာလံ ၁၉း၂) ဉာဏ်ပညာနှင့် တရားမျှတခြင်းတို့၌ ပြီးပြည့်စုံပြီး ကောင်းကင်မျက် နှာကြက်၏ဂုဏ်ကျက်သရေကဲ့သို့ ထွန်းလင်းကြ၍  ကြယ်များကဲ့သို့ အစဉ်ထာဝရ ထွန်းလင်းကြသော (ဒါနီအဲလ် ၁၂း၃) ထိုရဟန္တာများကို ကျွနု်ပ်တို့လူသားများအနေဖြင့် ပို၍ပင်ချီးမွမ်းဂုဏ်ပြုသင့်ပေသည်။
 နောက်ဆုံးအနေဖြင့်ဆိုရလျှင် "ပုံတုယူလိုက်ကျင့်ခြင်းသည် အကောင်းဆုံးသောချီးမွမ်းဂုဏ်ပြုခြင်းပင်ဖြစ်သည်" ဟူသော ရှေးအဆိုအမိန့်ကို ကျွနု်ပ်တို့သတိချပ်သင့်သည်။ ရဟန္တာများကို ချီးမွမ်းဂုဏ်ပြုသည့်နည်းလမ်းများတွင် ဘုရားသခင်အပေါ် ထားရှိသော ၎င်းတို့၏ယုံကြည်ခြင်းကို ပုံတုယူလိုက်ကျင့်ခြင်းမှာ အကောင်းဆုံးနည်းလမ်းပင်ဖြစ်ပေတော့သည် (ဟေဗြေဦး ၆း၁၁-၁၂၊ ၁၃း၇)။

 (မျိုးကြဲသူ)

Crd!Sower CBCM(မျိုးကြဲသူ ဝိညာဥ်ရေး စာစောင်)

#ဗာတီကန်နိုင်ငံ၏စစ်သည်တော်(သို့မဟုတ်)ပုပ်ရဟန်းမင်းကြီး၏ သက်တော်စောင့်တပ်သားများ အကြောင်း တစေ့တစောင်း++++



ဗာတီကန်နိုင်ငံဆိုသည်မှာ ပုပ်ရဟန်းမင်းကြီးစံမြန်းရာ နန်းတော် တည်ရှိသော နိုင်ငံဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးသည်ထိုနိုင်ငံ၏ နိုင်ငံ ခေါင်းဆောင် ဖြစ်သည်။ ဗာတီကန်နိုင်ငံသည်အီတလီနိုင်ငံရောမမြို့ ထဲတွင် တည်ရှိသော ကမ္ဘာ့အသေးဆုံးနိုင်ငံတစ်ခုဖြစ်သည်။ သို့သော် ထိုနိုင်ငံကို အုပ်ချုပ်သော ပုပ်ရဟန်းမင်းကြီးသည် ကမ္ဘာတစ်ဝှမ်းလုံးရှိကက်သလစ်အသင်းသားသန်းပေါင်းတစ်ထောင့်နှစ်ရာငါးဆယ်(၁.၂၅ဘီလျံ)ကိုဦးဆောင်ရသောအသင်းတော်ကြီး၏ဦးသျှောင်ဖြစ်သည်။ ထိုဗာတီကန်နိုင်ငံတော်ကြီးကို အီတလီ အစိုးရကဝိုင်း၀န်းကူညီစောင့်ကြပ်ပေးကြသည်။သို့သော်ပုပ်ရဟန်းမင်းကြီး နှင့် သူ၏ နန်းတော်အတွက် အထူး စောင့်ကြပ်ပေးရသော သက်တောင့်စောင့်တပ်သားများလည်းရှိသည်။ခေတ်အဆက်ဆက်ပြောင်းလဲလာသည်နှင့်အမျှပုပ်ရဟန်းမင်းများ၌နာမည်အမျိုးမျိုးဖြင့်စစ်သူရဲများရှိခဲ့သည်။ထိုစစ်သူရဲများမှာ-

(၁)ပုပ်ရဟန်းမင်းကြီး၏ (ကိုဆီးကာ)သက်တော်စောင့်၊ 
(Corsican Guard)။
ကိုဆီးကာသည်အီတလီနိုင်ငံရှိကျွန်းတစ်ကျွန်း၏အမည်ဖြစ်သည်။ ကိုးဆီးကာတပ်သည်ထိုကျွန်းပေါ်ရှိလူမျိုးများ၏အမည်ဖြစ်သည်။ပုပ်ရဟန်းမင်းကြီးအတွက်ရောမားမြို့၌(၁၆၀၃)မှ(၁၆၆၂)အထိအမှုတော်ထမ်း ခဲ့သည်။

(၂)ပုပ်ရဟန်းမင်းကြီးအတွက်ပြင်သစ်သက်တော်စောင့်။(Papal Zouaves)ထိုတပ်ဖွဲ့ကို ၁၈၇၀ တွင်ဖျက်သိမ်းခဲ့သည်။

(၃)မြင့်မြတ်သောပုပ်ရဟန်းမင်းကြီး၏မြင်းတပ်သား (Noble Guard, the horse guard)။ ထိုတပ်ဖွဲ့ကို ၁၈၀၁ ခုနှစ်တွင်ဖွဲ့စည်းခဲ့ပြီး  ၁၉၇၀ တွင် ဖျက်သိမ်းခဲ့သည်။

(၄)ပုပ်ရဟန်းမင်းကြီး၏နန်တော်စောင့်တပ်သား (Palatine Guard,the papal militia)။ ထိုတပ်ဖွဲ့ကို ၁၈၅၀တွင်ဖွဲ့စည်းခဲ့ပြီး ၁၉၇၀ တွင်ဖျက်သိမ်းခဲ့သည်။

(၅)ပုပ်ရဟန်းမင်းကြီး၏ပြင်သစ်ရဲတပ်ဖွဲ့။(Papal Gendarmeric Corps)။ ထိုတပ်ဖွဲ့သည် ၁၉၇၀ တွင် ဗာတီကန်နိုင်ငံ၏ ရဲတပ်ဖွဲ့အမည်ဖြင့်ပြန်လည်ဖွဲ့ စည်းခဲ့သည်။

(၆)ဆွစ်ဇလန်သက်တော်စောင့်တပ်သားပုပ်ရဟန်းမင်းကြီး၏သက်တော်စောင့် တပ်သား( Swiss Guard) ထိုတပ်ဖွဲ့သည်၁၅၀၆ မှ ယနေ့တိုင်ပုပ်ရဟန်းမင်းကြီးထံတော်ပါးတွင်အမှုထမ်းနေသောသက်တော်စောင့် တပ်သားများ ဖြစ်သည်။ ယနေ့ကျွန်ုပ်တို့ပုပ်ရဟန်းမင်းကြီး နန်းတော်တွင် မြင်တွေ့နေရသော ရှေးခေတ်၀တ်စုံနှင့်တပ်သားများသည် ဆွစ်သက်တော်စောင့်တပ်သားများ ဖြစ်သည်။ သူတို့၏အဓိကလုပ်ငန်းမှာ ပုပ်ရဟန်းမင်းကြီးနှင့် သူ၏နန်းတော် ရင်ပြင်များကိုအထူးစောင့်ကြပ်ပေးရသည်။ထို့ပြင်အီတလီရဲ များနှင့်ပူးပေါင်း၍ဗာတီကန်နိုင်ငံအတွင်းသို့၀င်လာသော ဧည့်သည်များကိုလည်းစောင့်ကြည့် ပေးရသည်။ ပုပ်ရဟန်းမင်းကြီးလစ်လပ်နေချိန်မှာမူ သူတို့သည် ရဟန်းအမတ်များ(ကာဒီနယ်) များကို ပုပ်ရဟန်းမင်းကြီး အကောင်းဆုံး ရွေးချယ် နိုင်ရန် လုံခြုံရေး ပေးရသည်။

ပုပ်ရဟန်းမင်းကြီး၏သက်တော်စောင့်တပ်ဖွဲ့နှင်စပ်လျှင်း၍သမိုင်း ကြောင်းကို အနည်းငယ်ရှင်းပြရသော် (၁၃)ရာစုနှင့်(၁၄)ရာစုများတွင် ဆွစ်နိုင်ငံသည် အလွန်ဆင်းရဲသောနိုင်ငံဖြစ်သည်။စစ်မက်ရေးရာတွင် လည်းအလွန် ကျွမ်းကျင် ၍ထိုစစ်မှုထမ်းအလုပ်မှတစ်ပါး အခြားအလုပ် မရှိသောကြောင့် နိုင်ငံ အသီးသီးသို့ ကြေးစား စစ်သည်တော်များ အဖြစ် သွားရောက်အမှုထမ်းကြသည်။ သူတို့ နိုင်ငံ တွင်လည်းထိုစစ်သည်များကို အခြားနိုင်ငံများသို့စေလွတ် အမှုထမ်းနိုင်ရန်အတွက် အဖွဲ့တစ်ဖွဲ့ကိုတည်ထောင်ထားကြသည်။ ထိုကြေးစားစစ်သားများကို ခေါ်ယူ အသုံးပြု လိုပါက စာချုပ်နှင့်တကွ ခေါ်ယူ၍ ငွေကြေးအမြောက်အများ ပေးရသည်။ ပုပ်ရဟန်းမင်းကြီး စတုတ္ထမြောက်စိစတု(Pope Sixtus IV)သည်လည်း အနာဂါတ်တွင် ပုပ်ရဟန်းမင်းများ အတွက်လိုအပ်လာပါက ကူညီရန် ထိုဆွစ် ကြေးစား အဖွဲများနှင့်ပထမဦးစွာ ၁၄၉၇ခုနှစ်တွင် မဟာမိတ်ဖွဲ့ ခဲ့သည်။ထို့နောက် သူတို့အတွက် စစ်တန်းလျားတစ်ခုကိုလည်း ဗာတီကန်နိုင်ငံရှိ ဘုရားဖူးများ တည်းခိုရာ စိန်ပီလီဂရီအာနို ဘုရားကျောင်းငယ် အနီးတွင် တည်ဆောက်ပေး ခဲ့သည်။ ထိုစစ်တန်းလျားသည်ယနေ့တိုင်တည်ရှိဆဲဖြစ်သည်။ ထိုသဘောတူ စာချုပ် ကို ပုပ်ရဟန်းမင်းကြီးသတ္တမမြောက် အင်နိုးဆင်း(Pope Innocent VII) ကလည်း မီလန်မြို့စား၏ရန်မှ ကာကွယ်ရန်အတွက် ထပ်မံချုပ်ဆိုခဲ့သည်။ ပုပ်ရဟန်းမင်းကြီး စတုတ္ထမြောက် အလင်ဇန်းဒါး (Pope Alexander IV) လက်ထက်တွင်လည်း ထိုစာချုပ် ကိုထပ်မံချုပ်ဆိုခဲ့ပြန်သည်။ဆွစ်သက်တော်စောင့် တပ်သားများကို တရား၀င်ပုပ်ရဟန်းမင်းကြီး ၏ သက်တော်စောင့်အဖြစ်စတင်အမှုထမ်း သည့်အချိန်မှာ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျူလီယက်(Pope Julius II) လက်ထက် တွင်ဖြစ်သည်။ ထို့ကြောင့် ဤအဖွဲ့ကို ပုပ်ရဟန်းမင်းကြီးဒုတိယမြောက်ဂျူလီယက် က ၁၅၀၆ ခုနှစ် ဇန်နဝါရီလ၂၂ရက်နေ့တွင် စတင်ဖွဲ့ စည်းခဲ့သည်ဟု ဆိုနိုင်ပါသည်။ ထိုအချိန်တွင် တပ်သားဦးရေမှာ ၁၅၀ဦးရှိသည်။ ထိုကြောင့်ယခုအချိန်တွင် သူတို့သည် ပုပ်ရဟန်းမင်းကြီး၏ သက်တော်စောင့်အဖြစ် နှစ်ပေါင်း ၅၀၀ ကျော် အမှုထမ်းခဲ့ပြီးဖြစ်သည်။ ၂၀၀၆ခုနှစ်တွင်လည်းဂျူဗလီနှစ် ၅၀၀ ပြည့်ပွဲကို ကျင်းပပြီး စီးခဲ့ပြီးဖြစ်သည်။ထိုတပ်ဖွဲ့သို့၀င်ရောက်အမှုထမ်းလိုသောသူများမှာအောက်ပါ အရည် အချင်းနှင့်ပြည့်စုံသူဖြစ်ရမည်။

(၁)ဆွစ်ဇလန်နိုင်ငံသားဖြစ်ရမည်။
(၂)ကက်သလစ်ဘာသာ၀င်တစ်ယောက်ဖြစ်ရမည်။
(၃)လက်မထပ်ရသေးသောယောက်ျားလေးဖြစ်ရမည်။
(၄)အသက်၁၉နှင့်၃၀ကြားရှိသူဖြစ်ရမည်။
(၅)ဆွစ်ဇလန်နိုင်ငံတွင်စစ်ရေးနှင့်ပတ်သက်သောအခြေခံသင်တန်းအောင် မြင်ထားသူဖြစ်ပြီး၊ နာမည်ကောင်းဖြင့်လက်မှတ်ရထားသူဖြစ်ရမည်။
(၆)အရပ်အမြင့်ပေ ၅ပေ၉လက်မနှင့် အထက်ရှိသူဖြစ်ရမည်။
(၇)အထက်တန်းကျောင်းများမှဘွဲ့တစ်ခုခုသို့မဟုတ်ဒီပလိုမာဘွဲ့ လက်မှတ် တစ်ခုခု ကိုကိုင်ဆောင်ထားသူဖြစ်ရမည်။
(၈)လိုအပ်လာပါကပုပ်ရဟန်းမင်းကြီးအတွက်အချိန်မရွေးအသက်ကို ပေးဝံ့သူဖြစ် ရမည်။
 မေလ ၆ ရက်နေ့သည်ထိုတပ်သားများအားလုံး ကတိသစ္စာကျိန် ဆိုရသော နေ့ဖြစ်သည်။ သူတို့အားလုံးနီးပါးသည် ဂျာမန်ဘာသာစကားကို ပြောဆိုကြသည်။ သူတို့ရွတ်ဆိုရသော စာသားများမှာ "ကျွန်ုပ်တို့သည် ပုပ်ရဟန်းမင်းကြီး (နာမည်)၊ သူ့ကို ဆက်ခံမည့်ပုပ်ရဟန်းမင်းကြီးများကို သစ္စာရှိစွာ၊ ဖြောင့်မတ်စွာ၊ နှင့် ရိုသေ လေးမြတ်စွာဖြင့်လိုအပ်လာပါက အသက်ကိုပင်စတေးပြီး အစွမ်းရှိသမျှ ကာကွယ် စောင့်ရှောက်ပါမည် ဟုကျိန်ဆိုဂတိပြုပါသည်။ ပုပ်ရဟန်းကြီး လစ်လပ်နေသော အချိန် တွင်လည်း ရဟန်းအမတ်များကိုကာကွယ် စောင့်ရှောက်ပါမည်။ ကျွန်ုပ်ကို ဦးဆောင်နေသော ဗိုလ်ကြီးများနှင့်တကွဝိညာဉ်ရေးလမ်းညွန်ပေးသော ပုဂ္ဂိုလ်များ၏စကားများကိုလည်းသစ္စာ သိစွာနာခံပါမည်ဟုဂတိပြုပါသည်။ အပေါ်က ဆိုခဲ့သောသစ္စာအတိုင်း တည်စေရန်ဘုရားသခင်နှင့် ကျွန်ုပ်ကို မှိုင်းမသော ရဟန္တာများကူညီကြပါ"ဟုရွတ်ဆိုကြရသည်။ သူတို့၏ရာထူးအဆင့်ဆင့်များမှာ-
(၁)ဗိုလ်မှူးကြီး (Colonel)။တစ်ဦးတည်းသာရှိသည်။
(၂)ဒုတိယဗိုလ်မှူးကြီး(Lieutenant Colonel) နှစ်ဦးရှိသည်။ဒုတတိယ ဗိုလ်မှူးကြီးနှင့် တပ်သားများကို ဝိညာဉ်ရေးဆိုင်ရာညွှန်ကြားပေးသောပုဂ္ဂိုလ်။
(၃)ဗိုလ်မှူး (Major)။
(၄)ဗိုလ်ကြီး(Captain)။
 သူတို့ကိုင်ဆောင်သောလက်နက်မှာ ရှေးခေတ်က ၇ ပေရှည်သောလှံ ဖြစ်သည်။ သူတို့သည် ခြေလျင်တပ်သားများဖြစ်ကြသည်။သူတို့၏ တပ်သား ယူနီဖောင်း အရောင်များမှာ အပြာ၊ အနီ နှင့် လိမ္မော်ရောင် (သို့မဟုတ်) အဝါရောင်တို့ ဖြစ်သည်။လည်ပင်းကော်လံနှင့် လက်အိတ်တို့မှာ အဖြူရောင် ဖြစ်သည်။ သို့သော်ညဘက်တာ၀န် ထမ်းဆောင်ချိန် နှင့်သင်တန်းအချိန် ကာလ တွင် သူတို့၏၀တ်စုံမှာ အားလုံး အပြာရောင်ဖြစ်သည်။ထို၀တ်စုံကို (Exerzier Uniform) အက်ဆာဇီး ယူနီဖောင်း ဟုခေါ်သည်။သူတို့ဆောင်းသောဦးထုပ်မှာ  သံပုရာခြမ်း အမဲရောင် ခမောက်ဖြစ်သည်။ ထိုခမောက် ပုံစံသည်ဘက်စကွီး (Basque) လူမျိုးစုများဆောင်းသော ခမောက် ပုံစံဖြစ်သည်။သူတို့၏လက်စွဲ ဆောင်ပုဒ်မှာ ပြင်းထန်ခြင်းနှင့်သစ္စာရှိခြင်း (Motto: Acriter et Fiderliter" Fiercely and Faithfully) ဟူ၍ဖြစ်သည်။
 သူတို့ကိုကာကွယ်စောက်ရှောက်ရန် ရွေးချယ်ထားသောရဟန္တာများမှာ တိုအာမြို့မှ စိန်မာတင်း၊ စိန်စဗယ်စတီးယန်း နှင့်ဖလူးမြို့မှစိန်နီကောလား  (Patron Saint: Martin of Tours, Saint Sebastian, Saint Nicholas of Flue) တို့ဖြစ်သည်။ယခု ၂၀၁၅ ခုနှစ်တွင်သူတို့၏တပ်သားဦးရေမှာ ၁၂၀ ဖြစ်သည်။ ကမ္ဘာပေါ် တွင်အငယ်ဆုံးနိုင်ငံတစ်နိုင်ငံ၏ တပ်သားများဖြစ် ပြီးသက်တန်း အရှည်ဆုံးတပ်ဖွဲ့ ဖြစ်သည်။
ကျမ်းကိုးစာရင်း
http://www.vatican.va/roman_curia/swiss_guard/swissguard/storia_en.htm
http://en.wikipedia.org/wiki/Swiss_Guard
http://www.guardiansvizzera.va/content/guardiansvizzera/guardian/uniformi.html
http://www.cruxnow.com/church/2015/05/06/swiss-guard-oath-takes-on-new-meaning-amid-terrorist-threats/
မှတ်ချက်။       ။ဓမ္မသုတအမွေ စာမှပြန်ဝေမျှသည်။

Crd to Luck Tushan

#ကက်သလစ်သာသနာတော်ကြီး၏ဝတ်ပြုကိုးကွယ်ခြင်းနှစ်ဆိုင်ရာကာလအပိုင်းအခြားများအကြောင်းအကျဉ်းချုပ်

မကြာမီ အာဒ်ဝင်းတူး/စောင့်မျှော်ခြင်းကာလ(Advent Season)နှစ်သစ်ပြန်စတော့မည်။ 

မြန်မာနိုင်ငံမှာ နွေ မိုး ဆောင်းဆိုပြီး ဥတုသုံးပါးရှိသလို---တစ်ကမ္ဘာလုံးရှိကက်သလစ်သာသနာတော်၏ ဝတ်ပြုကိုးကွယ်ခြင်းနှစ်ကို ဥတုငါးပါး သို့မဟုတ် ကာလ (၅)ပိုင်းခွဲခြားထားသည်။
၁။ စောင့်မျှော်ခြင်းကာလ(Advent Season)
၂။ ခရစ္စမတ်ကာလ(Christmas Season)
၃။ သာမန်ကာလရက်တို(Ordinary Time)
၄။ ဝါတွင်းကာလ(Lentern Season)
၅။ ပါးစကားကာလ(Easter Season) 
--သာမန်ကာလရက်ရှည်(Ordinary Time)ပြန်
ကြော့သည်။ 

၁။ စောင့်ကြိုခြင်းကာလ(Advent Season)
သည်သာမန်အားဖြင့်(၄) ပတ်ရှိသည်။ဤကာလတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ ကျော်တုန်းက သခင်ခရစ်တော်မက်ဆီးယားကယ်တင်ရှင် လူ့အဖြစ်ယူကာဤလောကသို့ပထမအကြိမ် ကြွလာခြင်းကိုပြန်ပြောင်းသတိရစေလျှက် ထိုအချိန်ကာလကိုကြိုဆိုပြင်ဆင်ချိန်အဖြစ် ခံစားကြခြင်းဖြစ်သည်။ထို့အပြင်သခင်ခရစ်တော် ဒုတိယအကြိမ်ဘုန်းဂုဏ်တော်နှင့်တဖန်ကြွလာ 
ခြင်းကို ယုံကြည်စွာစောင့်မျှော်သည့်ကာလလည်းဖြစ်သည်။ ဤအချိန်သမယ၌ယုံကြည်သူများသည် စိတ်နှလုံးကိုပြင်ဆင်ရင်းဆုတောင်းခြင်းဖြင့် သခင်ခရစ်တော်ကိုနှလုံးသားအသစ်နှင့်ကြိုဆို 
ရသည့်အချိန်ကာလဖြစ်သည်။

၂။ ခရစ္စမတ်ကာလ(Christmas Season)
သည်သာမန်အားဖြင့်ရက်ပေါင်း(၂၀)ရှိသည်။ သခင်ယေဇူးဘုရားရှင်မွေးဖွါးခြင်းကိုအထူးသတိရ အောက်မေ့ကာပြုလုပ်ခြင်းဖြစ်သည်။ ဤသို့ မွေးနေ့ကာလကိုကျင်းပခြင်းဖြင့် မိမိတို့၏ နှလုံးသားတိုင်း၌သခင်ယေဇူးကိုမွေးဖွါးခြင်းဖြင့် ယေဇူးဘုရားရှင်၏မွေးနေ့မင်္ဂလာကို ကျင်းပခြင်းဖြစ်သည်။အထူးသဖြင့် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ ကျော်တုန်းမှ သခင်ယေဇူးဘုရားရှင်၏မွေးနေ့မင်္ဂလာကို ယခုမျက်မှောက်မှာအမှန်တကယ်တည်ရှိစေကာ
မွေးနေ့ကာလကိုပြုလုပ်ခံစားခြင်းဖြစ်သည်။ သခင်ယေဇူးဘုရား၏မွေးနေ့မင်္ဂလာ ခရစ္စမတ်
ပွဲသည် အသင်းတော်ကြီး၏ အရေးပါသည့်ပွဲနေ့ကြီး တစ်ခုပင်ဖြစ်သည်။

၃။ သာမန်ကာလရက်တို(Ordinary Time)
သည်ရက်သတ္တပတ် (၅/၆)ရှိသည်။ ဤကာလသည် သခင်ယေရှုဘုရားရှင်မွေးဖွါးပြီးညာဏ်ပညာနှင့်
ပြည့်စုံလျက်ကြီးပြင်းလာကာ တရားတော်မြတ် ဟောကြားခြင်း/ကုသခြင်း/အံ့ဖွယ်တန်ခိုးများ
ပြုလုပ်ကာဘုန်းတော်ထင်ရှားခြင်း စသည့် ခရစ်တော်၏အမှုတော်မြတ်အသက်သာကို သတိရအောက်မေ့ကာပြုလုပ်ခံစားခြင်းဖြစ်သည်။ 

၄။ ဝါတွင်းကာလ(Lentern Season)သည် သာမန်အားဖြင့်ရက်ပေါင်း(၄၀)ရှိသည်။ ဝါကြီးဝင်သည့်ဗုဒ္ဓဟူးနေ့ကြီးမှစတင်သည်။ ဝါတွင်းကာလသည်သခင်ခရစ်တော်၏ သေခြင်းမှပြန်ရှင်ထမြောက်ခြင်း ပါးစကားပွဲတော်မြတ်ကြီးကိုထိုက်တန်စွာကျင်းပ နိုင်ရန်ပြင်ဆင်ကြသည့်အချိန်ကာလဖြစ်သည်။ ယုံကြည်သူများသည်သခင်ခရစ်တော်၏ရှင်ပြန်
ထမြောက်ခြင်းပါစကားပွဲတော်ကြီး၌ ထိုက်တန်စွာပါဝင်နိုင်ရန်ကြိုတင်ပြင်ဆင်သည့် ကာလလည်းဖြစ်သည်။ထို့အပြင်ယုံကြည်သူ ဘာသာတူများသည်မိမိတို့ခံယူခဲ့သည့် ဆေးကြောခြင်းမင်္ဂလာကိုပြန်လည်သတိရစေပြီးချိုးခြံခြင်း/ဆုတောင်းခြင်းအားဖြင့် ပါးစကားပွဲတော်ကြီးကိုထိုက်တန်စွာကျင်းပကြသည့်အခါသမယဖြစ်သည်။

ဒုတိယအရေးကြီးသည့်အချက်မှာ ဤဝါတွင်းကာလသည်သခင်ယေဇူးဆေးကြောခြင်း ခံပြီးနောက်တောကန္တာရ၌ ရက်ပေါင်း (၄၀) နတ်ဆိုး၏စုံစမ်းနောက်ယှက်ခြင်းအား အောင်မြင်ခဲ့ခြင်းကိုသတိရအောက်မေ့ကာ ပြုလုပ်ခံစားကြသည့်ကာလလည်းဖြစ်သည်။ 
ဝါတွင်းကာလများ၌ ယုံကြည်သူများသည် အစာရှောင်ခြင်း/ဝါရှောင်ခြင်း/ပေးကမ်းစွန့်ကြဲခြင်းဖြင့်ပိုမိုတရားအားထုတ်ကြသည်။ အထူးသဖြင့်ဝါကြီးဝင်သည့် သန့်ရှင်းသော ဗုဒ္ဓဟူးနေ့ကြီးနှင့် သခင်ယေဇူးအသေခံသည့်သန့်ရှင်းသော သောကြာနေ့ကြီးတွင်အထူး သတိပြုကာဝါရှောင်/အသားရှောင်ကြရသည်။  ဝါတွင်းကာလတွင် သာရေးနာရေးကိစ္စမှအပမင်္ဂလာဆောင်ပွဲများနှင့်အခြားဝမ်းမြောက်ဖွယ် ပွဲများပြုလုပ်ကျင်းပခြင်းမရှိပေ။"အာလေလုယာ"
ဧကျုးခြင်းသီချင်းမဆိုပါ။ ဝါတွင်းကာလတစ်လျှောက်လုံး သောကြာနေ့တိုင်းကားတိုင်လှည့်ဆုတောင်းခြင်း(Way of the Cross)ကို ညနေသုံးနာရီတိုင်း၌ပြုလုပ်သည်။ ဤကားတိုင်လှည့်ဆုတောင်းခြင်းသည် သခင်ယေဇူးဂါရဝါရီတောင်ပေါ်သို့ လက်ဝါးကားတိုင်ထမ်းပြီးဒုက္ခခံခြင်း/အသေခံခြင်း ဖြစ်သည့် ကယ်တင်ခြင်းနက်နဲရာကို အောက်မေ့သတိရကာခံစားပြုလုပ်ခြင်းဖြစ်သည်။-သန့်ရှင်းသောရက်သတ္တပတ်(Holy Week)တွင်
ယေရုဇလင်မြို့သို့သခင်ယေဇူးကြွဝင်ခြင်း/သန့်ရှင်းသောကြာသပသေးနေ့ကြီး၌ သခင်ယေဇူးတပည့်တော်များ၏ခြေဆေးခြင်းနှင့်နောက်ဆုံးညစာစားပွဲနှင့် သခင်ယေဇူး သက်တော်စွန့်သည့်သန့်ရှင်းသောသောကြာနေ့ကြီး (Good Friday)များကိုပြုလုပ်ကျင်းပသည်။ 

၅။ ပါးစကားကာလ(Easter Season)
သည် သခင်ခရစ်တော်သေခြင်းမှပြန်ရှင်ထမြောက်သည့်ပါစကားပွဲတော်နေ့ကြီးမှစတင်ကာ
(၇)ပတ်ခန့်ရှိသည်။ဤပါးစကားပွဲတော်ကြီးသည်အသင်းတော်၏ပွဲနေ့ရက်များမှအရေးပါဆုံးသောပွဲနေ့ကြီးပင်ဖြစ်သည်။ ဤပွဲနေ့ကြီး၌လောက၏အလင်းဖြစ်သည့်သခင်ခရစ်တော်ကို ကိုယ်စားပြုသည့် ပါးစကားဖယောင်းတိုင်ကြီးကောင်းကြီးပေးထွန်းညှိခြင်း/ဆေးကြောခြင်းမင်္ဂလာရေကို
ကောင်းကြီးပေးပြီးဆေးကြောခြင်းခံယူသည့် ယုံကြည်သူများကိုပက်ဖျန်းခြင် စသည့် အခမ်းအနားများပါဝင်သည်။မစ္ဆားတရားတော်မြတ်ကိုသာမတ်ထက်ပိုမိုခမ်းနားစွာပြုလုပ်သည်။"အာ
လေလုယာ"ဧကျုးခြင်းကိုပြန်လည်သီဆိုသည်။သခင်ခရစ်တော်၏ရှင်ပြန် ထမြောက်ခြင်း 
ပါစကား ကာလမှရက်ပေါင်း (၅၀)သည်သန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲနေ့ကြီး
(The Pentecost Day) ၌ကုန်ဆုံးသည်။ဤသန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲနေ့ကြီး
the Pentecost Sunday ပြီးသည့်နောက် သာမန်ကာလရက်ရှည်(Ordinary Time) ပြန်
လည်စတင်သည်။ဤသာမန်ကာလရက်ရှည်သည်ခရစ္စမတ်ကာလနှင့်ဝါတွင်းကာလနှစ်ခုကြားမှ
သာမန်ကာလရက်တို၏ အဆက်ပင်ဖြစ်သည်။ သာမန်ကာလသည်စုစုပေါင်းရက်သတ္တပတ်
(၃၄)ပတ်ရှိပြီး ဝတ်ပြုကိုးကွယ်ခြင်းကာလများမှအရှည်ဆုံးကာလလည်းဖြစ်သည်။ ဤသာမန်
ကာလသည် သခင်ခရစ်တော်၏ ဧဝံဂေလိဟောကြားခြင်း/ကုသခြင်း စသည့်အမှုတော်မြတ်
များကို သတိရကာလက်တွေ့ကျင့်ဆောင်ခံစားကြသည့်ကာလပင်ဖြစ်သည်။ အထူးသဖြင့်
တနင်္ဂနွေနေ့တိုင်းဟာ သခင်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းပွဲနေ့(ပါးစကားနေ့လေး)အဖြစ်
အောက်မေ့ကျင်းပကာယုံကြည်သူများသည်ခရစ်တော်နှင့်အတူရှင်ပြန်ထမြောက်သည့်အသက်သာသစ်၌ပါဝင်ခံစားကြသည်။ ဓမ္မသီချင်းများကို ကာလအလိုက်ပိုင်းခြားထား
သည့် သီချင်းများ ရွေးချယ်သီဆိုချီးမွမ်းသည်။ တစ်ကမ်ဘာလုံးရှိကက်သလစ်သာသနာတော်၏
ဝတ်ပြုကိုးကွယ်ခြင်းနှစ်သည် နိုဝင်ဘာလကုန်အာဒ်ဝင်းတူးကာလ(Advent Season)မှ
စတင်ကာ နောက်တစ်နှစ် နိုဝင်ဘာလ၏ (၃၄)ကြိမ်မြောက်သာမန်တနင်္ဂနွေအပတ်ကုန်အထိ
တစ်နှစ်ဟုသတ်မှတ်သည်။ နိုဝင်ဘာလ၌ဆုံးပြီး နိုဝင်ဘာလကုန် စောင့်မျှော်ခြင်းကာလ
Advent Season ပထမအပတ်တွင် အသင်းတော်၏ဝတ်ပြုကိုးကွယ်ခြင်းနှစ်သစ်ပင်ဖြစ်သည်။အလွယ်ဆုံးပြောရရင်ဒီဇင်ဘာလဆန်းသည်ဝတ်ပြုခြင်းနှစ်သစ်ပြန်စခြင်းဖြစ်သည်။

Crd to Fr. John Htoi

#အဘယ်ကြောင့် ကက်သလစ်တို့သည် "သမ္မာကျမ်းစာတစ်ခုတည်းသာ အားကိုးရာ" (Bible Only) ဟူသောအယူဝါဒကို လက်မခံကြသနည်း။

သမ္မာကျမ်းစာသည် ခရစ်ယာန်တို့၏ယုံကြည်ခြင်းအသက်တာတွင် အရေးကြီးသော်လည်း ယုံကြည်ခြင်းနှင့်ပတ်သက်လျှင် သွန်သင်ပိုင်ခွင့်ရှိသည့် တစ်ခုတည်းသောအရာဟု သတ်မှတ်ရန်ကား မလုံလောက်ပေ။ အကယ်၍ သမ္မာကျမ်းစာတစ်ခုတည်းသာ အားကိုးရာဖြစ်သည်မှန်ပါက ကမ္ဘာတစ်ဝန်းလုံး၌ အရေအတွက်အားဖြင့် (၃၀ဝဝဝ)ကျော်မျှရှိသော ကျမ်းစာအခြေပြု (Bible-based) ပရိုတက်စတင့်ဂိုဏ်းကွဲများအကြားတွင် ကျမ်းစကားများ၏ဆိုလိုရင်းအဓိပ္ပာယ်နှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများရှိခဲ့လိမ့်မည် မဟုတ်ချေ။ သို့ဖြစ်၍ ကျမ်းစကားများကို မှန်ကန်စွာ နားလည်သဘောပေါက်လိုပါက ဆက်စပ်စဉ်းစားရမည့် ရှေးထုံးသက်သေ ((Tradition)နှင့် ၎င်းတို့၏အဓိပ္ပာယ်ကို ရှင်းလင်းဖော်ပြပေးမည့် အသက်ရှင်လျက်ရှိသော၊ သွန်သင်ပိုင်ခွင့်ရှိသူ (A Living, Authoritative Interpreter) တို့ကို လိုအပ်လေသည်။
 ဘာရုပရောဖက်ကျမ်း (Baruch)နှင့် အချို့သောကျမ်းများကို ပရိုတက်စတင့်တို့၏ကျမ်းများတွင် မတွေ့ရသည့်အချက်က လည်း ဤပြဿနာကို ပိုမိုသိသာထင်ရှားစေသည်။ ရှေးကျမ်းများစွာတို့သည်လည်း ဘုရားသခင်၏နှုတ်ကပါတ်တော်ဖြစ်ကြောင်း အဆိုပြုထားကြသည်။ အခြားသောသွန်သင်မှုအာဏာမရှိပါလျှင် အဘယ်ကျမ်းသည် ကျမ်းစာတော်မြတ်၌ ပါဝင်သင့်ကြောင်း ကျွနု်ပ်တို့မည်သို့သိရှိနိုင်သနည်း။
 ကနဦးကတည်းက ကက်သလစ်အသင်းတော်၏သွန်သင်မှုအာဏာ(Magisterium)သည် ဘုရားသခင်ပေးသနားတော်မူ သောအခွင့်အာဏာဖြင့် မည်သည့်ကျမ်းသည် သမ္မာကျမ်းစာတွင် ပါဝင်သင့်ကြောင်းကို ဆန်းစစ်ပြီး မွန်မြတ်သောရှေးထုံးသက်သေ ၏လမ်းညွှန်မှုဖြင့် ၎င်းတို့၏အဓိပ္ပာယ်ကို မှန်ကန်စွာ ရှင်းလင်းဖော်ပြခဲ့လေသည်။
ထို့ကြောင့် ကက်သလစ်ခရစ်ယာန်တို့သည် သမ္မာကျမ်းစာ၊ အသင်းတော်နှင့် ရှေးထုံးသက်သေတို့အား တစ်လုံးတစ်ဝ တည်ရှိနေကြသည့်အရာများအဖြစ် ရှုမြင်ကြခြင်းဖြစ်သည်။ အမှန်စင်စစ် သမ္မာကျမ်းစာကိုယ်တိုင်ကပင် ရှေးထုံးသက်သေနှင့် အသင်းတော်ကို ဩဇာအာဏာရှိသည့်အရာများအဖြစ် ညွှန်ပြထားသည်။ ၎င်းက သမ္မာကျမ်းစာသည် ခရစ်ယာန်တို့အတွက် တစ်ခုတည်းသော ဩဇာအာဏာဖြစ်သည်ဟု သွန်သင်မထားပေ။
 ဥပမာဆိုရလျှင် ရှင်ပေါလုသည် ခရစ်ယာန်များအား မိမိလက်ဆင့်ကမ်းသင်ပေးခဲ့သည့် ရှေးထုံးစဉ်လာများကို စောင့်ထိန်းရန် မိန့်ကြားခဲ့သည်။ ထိုရှေးထုံးစဉ်လာများမှာ သူရေးသားခဲ့သည်လည်း ရှိသကဲ့သို့ မရေးသားဘဲ ထားသည်လည်း ရှိကြသည်။ (၂ သက် ၂း၁၅)။ သူသည် စိန်တီမောသေအား "အသင်းတော် (သမ္မာကျမ်းစာမဟုတ်) သည် သမ္မာတရား၏မဏ္ဍိုင်နှင့် ကျောထောက် နောက်ခံဖြစ်" (၁ တီ ၃း၁၅)ဟု ရေးသားပေးပို့ခဲ့သည်။
 ထိုမျှမက အချို့သောခရစ်ယာန်များပြောဆိုနေသကဲ့သို့ သမ္မာကျမ်းစာသည် သူ့အလိုအလျောက်နားလည်နိုင်အောင် ရှင်းလင်းလှသည်ဟူသောအချက်မှာ မှန်ကန်မှုမရှိချေ။ ဥပမာ ရှင်ပေါလု၏ဩဝါဒစာများနှင့်ပတ်သက်၍ ရှင်ပေတရုက "ငါတို့ချစ်သော ညီတော်ပေါလုသည်လည်း မိမိရရှိသောဉာဏ်ပညာအတိုင်း သင်တို့ထံသို့ စာရေးခဲ့သည်ဖြစ်၍....ထိုစာများတွင် အချို့သော အကြောင်းအရာတို့သည် နားလည်ရန် ခက်ခဲလှသောကြောင့် အသိပညာမဲ့၍ စိတ်မတည်ငြိမ်သောသူတို့သည် အခြားသောကျမ်းချက် များကို လွဲမှားစွာ နားလည်ကြသကဲ့သို့ ထိုအကြောင်းအရာတို့ကိုလည်း လွဲမှားစွာ နားလည်ကြသဖြင့် မိမိတို့ကိုယ်ကို ပျက်စီးခြင်းသို့ ရောက်စေကြ၏" (၂ ပေ ၃း၁၅)ဟု ရေးသားခဲ့လေသည်။
 ထို့ကြောင့် ကက်သလစ်အသင်းတော်သည် ရှေးထုံးသက်သေ၏လမ်းညွှန်မှုအတိုင်း အသင်းတော်၏သွန်သင်မှုအာဏာမှ အခွင့်ဩဇာဖြင့် အဓိပ္ပာယ်ရှင်းလင်းထားသည်များကို မှီခိုအားထားခြင်းဖြင့် ထိုအန္တရာယ်မျိုးကို ရှောင်ရှားလေသည်။

 (မျိုးကြဲသူ)

Crd! Sower CBCM(မျိုးကြဲသူ ဝိညာဥ်ရေး စာစောင်)